23 C
Yangon

ဝက်လက်၊ မူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅၀ ကျော် ပြာကျပြီး၊ အဖွားအို ၁ ဦး မီးရှို့သတ်ဖြတ်ခံရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မူးကြီးရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးမှု နေအိမ် ၁၅၀ ကျော် ပြာကျခဲ့ကြောင်း GZ special task force – wetlet တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က မူးကြီးကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝက်လက်မြို့ အတွင်းသို့ ပြန်လည်ဝင်ရောက် သွားကာ ပြည်သူပိုင် နေအိမ် ၁၅၀ ကျော် ပြာကျခဲ့ပြီး အဖွားအို တစ်ဦး မီးလောင်နေအိမ်အတွင်း ပိတ်မိကာ သေဆုံးသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခဲ့သော မူးကြီးရွာတွင် အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး နေအိမ် ၁၅၀ ခန့် မီးလောင်ပြာကျခဲ့ကာ ကျွဲ၊ နွား များလည်း မီးလောင်သေဆုံးခဲ့ကြောင်း GZ special task force – wetlet တပ်ဖွဲ့မှ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article