ရန်ကုန်၊ နိုဝင်ဘာ ၂၅
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တွင် ဂေါ်ရခါး လူငယ် ၁ ဦးကို ပျူစောထီးအဖွဲ့ဝင်များက ဖမ်းဆီးသတ်ဖြတ်ပြီး ရူပီးငွေ ၃ သိန်း လုယက်ယူဆောင် သွားကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တမူးမြို့၊ ကံကြီးဝ တံတားအနီးတွင် ဂေါ်ရခါး အမျိုးသားတစ်ဦးဖြစ်သူ မောင် Raju ကို အကြမ်းဖက် စစ်တပ် လက်အောက်ခံ ပျူစောထီးအဖွဲ့များက အကြောင်းမဲ့ ဖမ်းဆီးခဲ့ပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
ပျူစောထီး အဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သော ဂေါ်ရခါးလူငယ် မောင် Raju သည် နန်းဖာလုံတွင် နေထိုင်သူ ဖြစ်ပြီး ကံကြီးဝ တံတားအကျော် ဘုန်းကြီးကျောင်းဘက်၌ ပျူစောထီးအဖွဲ့များက ဖမ်းဆီးသွားပြီး ဘုန်းကြီးကျောင်းအနောက်ရှိ တောတစ်နေတွင် india ရူပီးငွေ ၃ သိန်းကျော်လုယက်ပီး ပစ်သတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။