ရန်ကုန်၊ နိုဝင်ဘာ ၂၅
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ သံဃာတော်များ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လှုပ်ရွားမှုကို “စည်းလုံးညီညွတ်ကြ နိုင်တဲ့နေရာကပါဝင်ကြ ပန်းတိုင်နီးပြီ သွေးမအေးပဲ အဆုံးထိပါဝင်ပေးကြပါ” ခေါင်းစဥ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။