25.7 C
Yangon

ထားဝယ်-လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသည့် လှေ ၁ စီးကို PDF များက တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

တနင်္သာရီတိုင်း၊ ထားဝယ်-လောင်းလုံး ရေကြောင်း လမ်းပိုင်းတွင် ပျူစောထီးများ လိုက်ပါလာသော လှေ ၁ စီးကို PDF များက တိုက်ခိုက်ခဲ့ပြီး ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဒေါ်ဝင်းခိုင်ကျော် အပါအဝင် ပျူစောထီး ၄ ဦး လိုက်ပါလာသော လှေ ၁ စီးကို လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့နှင့်ပျောက်ကြား တပ်ဖွဲ့ရှိ ရဲဘော်များမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း LLPDF အဖွဲ့ထံမှ သိရသည်။

အဆိုပါ သေဆုံးသွားသော ပျူစောထီး ၄ ဦး၏ အလောင်းများနှင့် လှေ ၁ စီးကို သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင်ကမ်းနားတွင် ယနေ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ၄ ဦးသည် ထားဝယ်မြို့ သင်္ဘောဆိပ် ရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး ပျူစောထီးခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော်သည် လောင်းလုံးမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို ၎င်းကိုယ်တိုင် ကားမောင်း၍ ရိက္ခာများ ပို့ဆောင်ပေးနေသော စစ်ကောင်စီ ထောက်တိုင် တစ်ဦးဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပျူစောထီး ခေါင်းဆောင် ဒေါ်ဝင်းခိုင်ကျော် သည်ကျောက်နီမော်ရွာ ပျူစောထီး ခေါင်းဆောင် ချစ်စမ်းမောင် ကို ရေကြောင်းလမ်းမှ မူးယစ်ဆေးဝါးများနှင့် အရက်/ဘီယာဖာများကို သယ်ယူပို့ပေးနေပြီး ၎င်း၏ သားဖြစ်သူမှာလည်း ရေတပ်စခန်း၌ တာဝန်ကျနေသည့်အရာရှိတစ်ဦးဖြစ်ကြောင်း သိရသည်။

ယင်း ပျူစောထီး ၄ ဦးထံမှ ပစ္စည်းများသည် ရွှေဆွဲကြိုး ၂ ခု၊ ပလက်တီနမ်ကြိုး ၃ ခု၊ လက်စွပ် ၈ ကွင်း၊ နားကပ် ၂ စုံ ၊ လက်ကောက် ၂ ကွင်း၊ ငွေကျပ် ၃၁၃၈၀၀၀၊ စကားပြောစက် ၁ လုံး၊ ဓားရှည်/အတို ၃ လက်၊ ပိုက်ဆံအိတ် ၁ လုံး ၊ဖုန်းကပ် ၅ ခု၊ မမ်မိုရီ ၂ ကပ်၊ အားသွင်းကြိုး ၂ စုံ ၊ဧည့်စာရင်းစာရွက် ၂ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပျူစောထီး အဖွဲ့ဝင် ၄ ဦးကို လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)နှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့ပူးပေါင်းရှင်းလင်းလိုက်ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article