25.9 C
Yangon

ဒဂုံမြို့သစ်မြောက်ပိုင်း EPC ဓာတ်အားခွဲရုံကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ၊ ကျောက်တံတားမြို့နယ်တွင်လည်း ပေါက်ကွဲသံ ထွက်ပေါ်ခဲ့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၅

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် မြို့နယ်လျှပ်စစ်(EPC) ဓာတ်အား ခွဲရုံ တွင် ယနေ့ ညနေပိုင်း အဝေးထိန်း မိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက် ခဲ့ ကြောင်း တော်လှန်ရေးမြို့ပြပျောက်ကျားတပ်ဖွဲ့များက ပြောသည်။

နိုဝင်ဘာ ၂၅ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် မြောက်ဒဂုံမြိုနယ် ပြည် ထောင် စု လမ်းမကြီးနှင့်ဗိုလ်မှူးဗထူးလမ်း ထောင့်ရှိ မြို့နယ်လျှပ်စစ် EPC ဓာတ် အား ခွဲ ရုံကို Human Rights Defenders နှင့် မဟာမိတ်ညီနောင် များ က အဝေးထိန်းမိုင်း(၂)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ရဲဘော်တွေအနေဖြင့် ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။

“ဒဂုံမြို့သစ်မြောက်ပိုင်း ၄၅ ရပ်ကွက် စက်မှုလယ်ယာလမ်းနဲ့ ဗိုလ်မှူး ဗထူး လမ်း ထိပ်မှာ ည ၇ နာရီမှာ ကျယ်လောင်တဲ့ အသံနဲ့ ဗုံး ပေါက်သွားခဲ့ပါတယ်။ ပေါက်ပြီး ငါးမိနစ်အကြာမှာ စစ်ခွေးတွေ ရောက်ရှိလာပါတယ်။ ဓါတ်ပုံ၊ ဗီဒီယို ရိုက် လို့မရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်မြို့လယ်၊ ကျောက်တံ တား မြို့နယ်တွင် ပေါက်ကွဲသံ ကြားရကြောင်း၊ မည်သည့်နေရာတွင် ပေါက်ကွဲ သည် ကို မသိရှိရကြောင်း ဒေသခံတချို့က ရန်ကုန်ခေတ်သစ်ထံ သတင်း ပေးပို့ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article