ရန်ကုန်၊ နိုဝင်ဘာ ၂၆
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်က အမျိုးသမီး ၁၇ ဦးကို မုဒိမ်းကျင့်သတ်ဖြတ်ပြီး ၂၀ဦး အရှင်လတ် လတ် မီးရှို့သတ်ကာ စုစုပေါင်း အမျိုး သမီး ၃၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း လွတ်လပ်သော ထုတ်ဖော် ပြောဆို ခြင်းမြန်မာ (FEM) က ထုတ်ပြန်သည်။
“အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နေ့”တွင် စစ် အာဏာ သိမ်းမှုကြောင့် အသံတိတ်အောင် နှုတ်ပိတ်သတ်ဖြတ် ခံခဲ့ရသော အမျိုးသမီးနှင့် မိန်းကလေးငယ် အယောက် (၃၀၀) ကျော်ကို လွတ်လပ်သောထုတ်ဖော်ပြောဆိုခြင်းမြန်မာ (FEM) က အောက်မေ့ သတိရ မှတ်တမ်းတင်အပ်ကြောင်း နိုဝင်ဘာလ ၂၅ ရက်နေ့တွင် သတင်း ထုတ်ပြန် ခြင်း ဖြစ်သည်။
စစ်တပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကိုခံရသော အမျိုးသမီးများတွင် ကျောင်း သူ များ၊ ဆန္ဒပြသူများ၊ ဆရာမများ၊ သူနာပြုများ၊ ပြည်သူ့ဝန်ထမ်းများ၊ သီလ ရှင်များ၊ အရပ်ဘက်အဖွဲ့အစည်းဝန်ထမ်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ ဈေးဆိုင်အလုပ်သမားများ၊ လူ့အခွင့်အရေး ကာကွယ် စောင့် ရှောက်သူများ၊ ခုခံတော်လှန်ရေးသမားများနှင့် အလုပ်သမားများ စသဖြင့် အမျိုးမျိုး ပါဝင် ကြသည်။
သပိတ်မှောက်သူနာပြုဆရာမ ဒေါ်ဇာလီနိုင်နှင့် သပိတ်မှောက်ဆရာမ ဒေါ်ခင် နှင်းဝေတို့ကို စစ်တပ် က ၂၀၂၂ ခုနှစ် ဇွန်လအတွင်း မကွေးတိုင်းတွင် ဖမ်းဆီး ကာ သတ်ဖြတ် မီးရှို့ခဲ့သည်။
အသတ်ခံရသူ အမျိုးသမီး ၅၈ ဦးမှာ အသက် ၁၂နှစ်အောက် မိန်းကလေး အယောက် ၃၀ အသတ် ခံခဲ့ရပြီး၊ ၄င်းတို့အနက်မှ အနည်းဆုံး ၁၂ ဦးသည် အသက်ရှင် စဥ်က ကျောင်းပင် မနေဖူး သေးသည့် ကလေးငယ်များ ဖြစ် ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ်နှင့် လူ ၁၁၁ ဦး ပစ်ခတ်သတ်ဖြတ် ခံခဲ့ရပြီး ယင်းအထဲမှ သူနာပြု ဆရာမ သဉ္ဇာဟိန်းသည် ၂၀၂၁ ခုနှစ် မတ်လက စစ်ကိုင်းရှိ ဆန္ဒပြပွဲ၌ ဒဏ်ရာရရှိသူများအား ကူညီနေ စဉ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။ ်။
“အဆိုပါသေဆုံးမှုအားလုံးသည် တစ်ခုမျှ “မတော်တဆ” မဟုတ်ဘဲ စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ သေဆုံးစေမှု သို့မဟုတ် အလွန်အမင်းလစ်လျူရှုမှုကြောင့်သာ ဖြစ်သည်ဟု” သိရှိရသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြစဉ်နှင့် လူ ၁၁၁ ဦး ပစ်ခတ် သတ်ဖြတ် ခံခဲ့ရ ပြီး ယင်းအထဲမှ သူနာပြု ဆရာမ သဉ္ဇာဟိန်းသည် ၂၀၂၁ ခုနှစ် မတ်လက စစ် ကိုင်းရှိ ဆန္ဒပြပွဲ၌ ဒဏ်ရာရရှိသူများကို ကူညီနေ စဉ် ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်။
အနည်းဆုံး အယောက် ၄၀ သည် စစ်တပ်မှ ဖမ်းဆီးထိန်းသိမ်းထားစဉ် သတ် ဖြတ်ခံခဲ့ရခြင်းဖြစ်ရပြီး အယောက် ၂၀ မှာမူ အရှင်လတ်လတ် မီးရှို့ခံခဲ့ရကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။
ယင်းအပြင် ၂၀၂၂ ခုနှစ် ဧပြီလအတွင်း အသက် ၁၄ နှစ်အရွယ် မမိုးမိုးထွေး သည် မကွေးတိုင်းတွင် စစ်တပ်၏ အဓမ္မပြုကျင့်ပြီး အရှင်လတ်လတ်မီးရှို့ သတ် ဖြတ်ခြင်းကိုခံခဲ့ရကာ ၂၀၂၂ ခုနှစ် ဖေဖော် ဝါရီလတွင် CDM ပြည်သူ့ ဝန်ထမ်း တစ်ဦးဖြစ်သူ မထက်နေခြည်မင်းကို စစ်ကိုင်းအတွင်း စစ်တပ်က အဓမ္မပြု ကျင့် သတ်ဖြတ်ခံခဲ့ရသည်။
အနည်းဆုံး အမျိုးသမီးနှင့် မိန်းကလေး ၁၇ ဦးထက်မနည်း စစ်ကောင်စီ တပ်သား များ၏ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရကြောင်း ထုတ်ပြန်ချက်က ဆိုသည်။
“စစ်တပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ရသော အမျိုး သမီး အရေအတွက်မှာ ယခု ထက် လွန်စွာများ ပြားပြီး၊ တိကျသည့် အရေ အတွက် အတိုင်း အတာကို မသိနိုင်ပါ” ဟု ထုတ်ပြန် ချက်က ဆိုသည်။
ဓာတ်ပုံ- စစ်တပ်က ပစ်ခတ်သတ်ဖြတ်ခဲ့သော သူနာပြုဆရာမ မသဉ္ဖာဟိန်း၊ မခင်ခင်ကြွယ်၊ မဇာလီနိုင်။