25 C
Yangon

တောင်ဥက္ကလာပရှိ စစ်တပ်ပိုင် ရွှေမန်းသူကားဝင်းအတွင်း ဗုံးပေါက်ကွဲ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်ရှိ စစ်တပ်လက်အောက်ခံ မြန်မာ့ စီးပွား ရေး ဦးပိုင် ကုမ္ပဏီပိုင် ရွှေမန်းသူကားဝင်းအတွင်းတွင် ယမန်နေ့ညပိုင်း ဗုံး ဖောက် ခွဲ တိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပျောက်ကျားတပ်ဖွဲ့Last Battle (PDF)မှ တာဝန်ခံ ဗိုလ်သက္ကရာဇ်က ပြောဆိုသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ ည ၇ နာရီ ၂၆ မိနစ်အချိန် တောင် ဥက္ကလာပမြို့နယ် ပါရမီလမ်းရှိ စစ်ကောင်စီလက် အောက် ခံ မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ ရွှေမန်းသူကား၀င်း ကို အဝေးထိန်းဗုံးဖြင့် သတိပေးဖောက် ခွဲတိုက် ခိုက်ခဲ့ ကြောင်း၊ ထိုတိုက်ခိုက်မှုနှင့် ပတ်သတ်၍ ထိခိုက်မှုတစ်စုံတစ်ရာ သိရှိရခြင်း မရှိ သော်လည်း အဖွဲ့၀င်များအနေဖြင့် ထိခိုက်မှုမရှိ ဘေးကင်းလုံခြုံစွာဖြင့် ဆုတ် ခွာ နိုင်ခဲ့ကြောင်း Last Battle(PDF)မှ တာဝန်ခံ ဗိုလ်သက္ကရာဇ်က ပြော သည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီ၏ ရွှေမန်းသူ ကား ဂိတ် ရုံးခန်းသို့ ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာ ဗုံး ပေါက်ကွဲမှုကို ငြင်းဆိုခြင်းမရှိဘဲ ရုံးသို့ လူကိုယ်တိုင် လာရောက်သတင်းယူ ရန် ပြောဆိုသည်။

“သိချင်ရင် ရုံးကိုလာစုံစမ်းပါ။ ဖုန်းနဲ့ပြောလို့မရပါဘူး” ဟု ရွှေမန်းသူကားဂိတ်ရုံး မှ တာဝန်ကျ ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- တောင်ဥက္ကလာပရှိ စစ်တပ်ပိုင် ရွှေမန်းသူကားဝင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article