ရန်ကုန်၊ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာအနီး တွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားပြီး စစ်တပ်က ရဟတ် ယာဉ် ၂ စီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူများ ထိခိုက်သေဆုံး မှုများ ရှိနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်၆ နာရီမှစတင်၍ လိပ်သိုဒေသတွင် KNLA ၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွား ကြောင်း၊ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်ဘက်က ရဟတ်ယာဉ်များ၊ လေ ယာဉ် များဖြင့် ပစ်ခတ်ဗုံးကျဲမှုများ လုပ်ဆောင်သဖြင့် ပြည်သူများ ထိခိုက် သေ ဆုံးမှု များရှိကြောင်း သိရှိရသည်။
“လိပ်သို၊ သံမိုးတောင်မှာ ဒီနေ့နံနက်အစောပိုင်း လောက်ကတည်းက ဆော်နေ ကြတယ် ။ နံနက် ၁၀ နာရီမှာ ရဟတ်ယာဉ်၊ လေယာဉ် ၇ ကြိမ်ပျံပြီး ပစ်တယ်။ ဗုံးကျဲတယ်။ အရင်ရက်ပိုင်း လိပ်သိုဒေသဘက်မှာ စစ်ခွေး ၂ ကောင် အပစ် ခံရ ပြီး သေ တယ်။ တောင်ငူ လွိုင်ကော်ကားလမ်းမှာရှိတဲ့ သံမိုးတောင်ရွာကို စစ်တပ် က လေယဥ်နဲ့ဗုံးကျဲလို့ လူသေဆုံးမှုရှိပြီး ဒဏ်ရာရတဲ့ သူ အများ အပြား ရှိပါတယ်။ ရွာပတ်ပတ်လည်ကို ဗုံးကျဲလိုက်တာပါ။လောလောဆယ်မှာ လမ်း တွေကို ပိတ် ဆို့ထားပြီး ဖုန်းဆက်သွယ်ရေး တွေကိုဖြတ် တောက် ထားပါ တယ် ။ ရွာသူ ရွာသား တွေပိတ်မိနေတဲ့ သံမိုးတောင်ရွာဟာ တောင်ငူ -သံ တောင်- လိပ်သို-လွိုင်ကော် ကားလမ်းမှာတည်ရှိတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာန ထံသို့ ပြောဆိုသည်။
စစ်ကောင်စီတပ်က သံမိုးတောင်ရွာကို လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက် ခြင်း မှာ ယခင်ရက်ပိုင်း လိပ်သိုဂိတ်တွင် စစ်သားတချို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ ကြောင်း၊ ယင်းသေဆုံးချိန်ကတည်းက ရွာလုံးကျွတ် ကြိမ်းမောင်း သတ်ဖြတ် မည် ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။
“ပြီးခဲ့တဲ့ ရက်ပိုင်းက အဲ့ဒီလိပ်သို ဂိတ်မှာ တာဝန်ကျနေတဲ့ စစ်သား ပစ်သတ် ခံခဲ့ရပြီးတော့ သူတို့လူတွေ ထိတာနဲ့ တစ် ရွာလုံးကို မီးရှို့ပစ်မယ်လို့ ကြိမ်းထား တဲ့ စစ်တပ်က ရွာသူရွာသားတွေ အလစ်ကို ချောင်းပြီး အခုလို လူမဆန်စွာ မင်း မဲ့ စရိုက်ဆန်စွာနဲ့ ရွာကို လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်လိုက်တာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် တောင်ငူ- သံတောင်လမ်း ၇ မိုင်မှ စစ်ကားအကြီးတစ်စီး တက် လာ နေပြီး စစ်အင်အားအများအပြား လာရောက် ဖြည့်တင်းနေကြောင်း သိရှိရသည်။
“တောင်ငူ-သံတောင်လမ်း- လိပ်သိုလ်လမ်း အသုံးပြုသွားသွားလာနေတဲ့ ဒေသ ခံ တွေ သတိထားသင့်ပါတယ်။ ဒီမနက် ၁၀နာရီ သံတောင်ကြီးမြို့နယ် သံမိုး တောင်ရွာ ရဟတ်ယာဉ်နှစ်စီးနဲ့ စစ်တပ်က လာရောက်ပစ်ခတ်ခဲ့လို့ အခြေ အနေ တွေ တင်းမာနေတယ်။ အားလုံး သတိထားကြပါ” ဟု လိပ်သိုမြို့မှ ပြည်သူတစ်ဦးက သတိပေးပြောဆိုသည်။
လတ်တလော KNLA ၊ PDF တပ်များနှင့် စစ်တပ်အကြား ဖြစ်ပွားနေသော တိုက် ပွဲနှင့်ပတ်သက်ပြီး KNLA ဘက်က တရားဝင် ထုတ်ပြန်ခြင်းမရှိသေးဘဲ ဆက်သွယ်မေးမြန်းရန်လည်း ခက်ခဲလျက်ရှိသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး။