ရန်ကုန်၊ နိုဝင်ဘာ ၂၆
အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် “အာဏာရှင်ဆိုတာ သူတို့အာဏာတည်မြဲဖို့ဆို အချင်းချင်းတောင် ဇာတ်တူသားစားသေးတာ ငါတို့ပြည်သူဆို ပြောမနေနဲ့ ဒါကြောင့် တော်လှန်မလား ကျွန်ခံမလားပဲ ကိုယ်ကိုယ်တိုင်စဥ်းစားပါ” စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ် ခဲ့ကြောင်း သိရသည်။