19 C
Yangon

လိပ်သို၊ သံမိုးတောင်ကျေးရွာကို စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ဒေါ်မေလေး သေဆုံးပြီး လူနေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ၊ သံမိုးတောင်ကျေးရွာကို ယနေ့ နံနက်ပိုင်း စစ်တပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် အရပ်သားပြည်သူ ဒေါ်မေလေး သေဆုံးပြီး လူနေ အိမ်များ ပျက်စီးသွားကြောင်း ဒေသခံ ကျေးရွာသားများက ပြောသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၆ နာရီတွင် ဦးကိုကြီး ဦးစီးသည့် သံတောင် မြောက် ပိုင်း (အထူးဒေသ) တပ်ဖွဲ့၊ တပ်ခွဲ ၃ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့ PDF တပ်ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ ၊ ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ စစ်ကောင်စီတပ်၏ သံမိုးတောင် တပ်စခန်းကို တိုက်ခိုက်ခဲ့ကြကြောင်း၊ တိုက်ပွဲ ကြာမြင့်ချိန် ၂ နာရီခွဲခန့်ရှိပြီး စခန်းရှိ စစ်ကောင်စီတပ်သားအားလုံး သေဆုံး သွားကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် စစ်တပ်က ရဟတ်ယာဉ် ၂ စီးဖြင့် လာရောက်တိုက်ခဲ့ပြီး စစ်တပ်၏ ပစ်ခတ်မှုကြောင့် သံမိုးတောင် ကျေး ရွာမှ ဒေါ်မေလေး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒီမနက် စစ်ရဟတ်ယာဉ်နဲ့ သံမိုးတောင်ကျေးရွာကို ပစ်လို့ အရပ်သားပြည်သူ ဒေါ်မေလေးပွဲချင်းပြီး သေဆုံးပါတယ်။ သေဆုံးသူ တောင်ငူကပါ။သူ့အစ်မရှိတဲ့ သံမိုးတောင်ကျေးရွာကိုလာလည်ရင်းနဲ့ စစ်ရဟတ်ယာဉ်က ပစ်လို့ သေရတာပါ” ဟု ကျေးရွာဒေသခံက ပြောဆိုသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသ သံမိုးတောင်ကျေးရွာရှိ စစ်တပ်စခန်းကို PDF မဟာမိတ်တပ်ပေါင်းစုက ယနေ့ တိုက်ခိုက်ပြီး စစ် ကောင် စီတပ်ဘက်မှ ၂၀ နီးပါး သေဆုံးသွားကြောင်း သံတောင်မြောက်ပိုင်း (အထူးဒေသ) တပ်ဖွဲ့ မှ ဗိုလ်မုတ်ဆိတ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article