ရန်ကုန်၊ နိုဝင်ဘာ ၂၆
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မြစ်တော်ကျေးရွာရှိ နေအိမ် ၇၀ ကျော်ကို စစ် ကောင်စီ တပ်ကယနေ့ မီးရှို့ဖျက်ဆီးပြီး အသက် ၆၅ နှစ်အရွယ် ဦးလှဝင်းနှင့် PDF ရဲဘော် မောင်ဖိုးစီအောင်ကို ပစ်သတ်သွားကြောင်း သိရှိရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က မြစ်တော်ရွာကို ဝင် ရောက် မီးရှို့ပြီး ဦးလှဝင်းကို ပစ်သတ်ခဲ့ကြကြောင်း၊ ယင်းနောက် ကံသစ် ကျေးရွာ ဘက်သို့ ထွက်ခွာသွားပြီး ကံသစ်ကျေးရွာ ရောက်ရှိချိန်တွင် ပြည်သူ့ ကာကွယ်ရေးရဲဘော် မောင်ဖိုးစီအောင် အသက် ၁၉ နှစ် ကို ပစ်သတ် သွားခြင်း ဖြစ် ကြောင်း သိရှိရသည်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁၅ ရက်နေ့ မှ ၂၃ ရက်နေ့အတွင်း အသက် ၉ နှစ်ကလေးတစ်ဦးနှင့် နှင့် ၅ တန်း ကျောင်းသားကလေးတစ်ဦးအပါအဝင် ပြည်သူ ၁၀ ဦးကို မတရား သတ် ဖြတ်ခဲ့ကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
နိုဝင်ဘာ ၁၅ ရက်နေ့တွင်မူ ခင်ဦး အနောက်ဘက်ခြမ်း ယာတော်ကျေးရွာရှိ ပြည်သူ အမျိုးသားတစ်ဦး၊ နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် ပေါင်းလဲ ကုန်း ကျေးရွာရှိ ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ နိုဝင်ဘာ ၂၀ ရက် နေ့တွင် ရွှေကာကျေးရွာရှိ ပြည်သူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ နိုဝင်ဘာ ၂၃ ရက်နေ့တွင် ခင်ဦးအနောက်မြောက်ခြမ်းရှိ ကံသာယာ ကျေးရွာ တွင် ၅ တန်းကျောင်းသားတစ်ဦး၊ မုံလှကျေးရွာတွင် ၉ နှစ်အရွယ် ကလေး တစ် ဦး အပါအဝင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး၊ မြစ်တော် ကျေးရွာ တွင် အမျိုးသားတစ်ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။
နိုဝင်ဘာလအတွင်းတွင် ခင်ဦးမြို့ နယ်ရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ ဖျက် ဆီးနေပြီး နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ခင်ဦးမြို့နယ် တောင် ဘက် ခြမ်းရှိ ပေါင်းလဲကုန်းကျေးရွာတွင် ၁၃၆ အိမ်၊ နိုဝင်ဘာ ၂၀ ရက်နေ့ တွင် လက်ပံကြီးကျေးရွာတွင် ၇၃အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ခင်ဦးမြို့နယ် မြောက် ဘက်ခြမ်းတွင်မူ နိုဝင်ဘာ ၂၀ ရက်နေ့တွင် မဒေါင်းကြီး ကျေးရွာတွင် ၇၅ အိမ်၊ ရွှေကာကျေးရွာတွင် ၇၀ အိမ်၊ နိုဝင်ဘာ ၁၉ ရက်နှင့် ၂၀ ရက်နေ့တွင် ဆီဆုံ လေးကျေးရွာ၌ ၄ အိမ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် နှဲတွင်းရွာ၌ ၁ အိမ်၊ နိုဝင်ဘာ ၂၁ရက်နေ့တွင် စောကြီးရွာ၌ ၆၄ အိမ်နှင့် သနပ်စိန်ရွာတွင် ၁၂၀ အိမ်ကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။
ထို့ပြင် ခင်ဦးမြို့နယ် အနောက်မြောက်ခြမ်းရှိရှိ မုံလှကျေးရွာတွင်လည်း အိမ်ခြေ ၁၁၀ မီးရှို့ဖျက်ဆီးခံခဲ့ရပြီး မြင်းဒေါင်းရွာကို နိုဝင်ဘာ ၂၃ ရက်နေ့က မီးရှို့မှု ကြောင့် ဆုံးရှုံးမှုကိုမူ စစ်ဆေးဆဲဖြစ်၍ အတိအကျမသိရှိရသေးကြောင်း၊ မြစ်တော် ကျေးရွာတွင်လည်း စစ်ကောင်စီဝင်များက အိမ်ခြေ ၅၀ အိမ်ကို မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်းနှင့် ခင်ဦးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှတစ်ဆင့် တိုက်ခိုက်ခံရမှုကြောင့် တစ်ပတ်အတွင်း ကျေးရွာပေါင်း ၁၁ ရွာ မီးရှို့ခံရပြီး အိမ်ခြေစုစုပေါင်း ၇၀၃ အိမ် (မြင်းဒေါင်းကျေးရွာ မီးရှို့ခံရမှု မပါဝင်) ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဒေသခံများထံမှ သိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးသွားသော တော်လှန် ရေး ရဲဘော်များမှာ ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းရှိ ရွှေယမင်း ကျေးရွာ တွင် နိုဝင်ဘာ ၁၈ ရက်နေ့၌ ရဲဘော် နှစ်ဦး၊ ခင်ဦးမြို့နယ် အနောက် မြောက် ခြမ်း ရှိ ကံသာယာကျေးရွာတွင် နိုဝင်ဘာ ၂၃ ရက်နေ့ ၌ ရဲဘော်တစ်ဦး၊ ခင်ဦး မြို့နယ် အနောက်မြောက်ခြမ်းရှိ မုံလှကျေးရွာတွင် နိုဝင်ဘာ ၂၃ ရက်နေ့၌ ရဲဘော် ၆ ဦး ကျဆုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
စစ်အာဏာသိမ်းကာလတစ်လျှောက်လုံး စစ်တပ်က ကျေးရွာပေါင်း ၄၇ ရွာရှိ လူနေ အိမ်ပေါင်း ၁၈၅၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး တော် လှန် ရေးရဲဘော် ၂၁၈ ဦး ကျဆုံးကာ ၁၄၃ ဦးကိုလည်း ဖမ်းဆီး ထောင်ချခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဓာတ်ပုံ- ခင်ဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများ။