23 C
Yangon

ကလေး-တမူး လမ်းပိုင်းတွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးထားသော လက်နက်များ တင်လာသည့် စစ်ယာဥ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၆

စစ်ကိုင်းတိုင်း၊ ကလေး-တမူးလမ်းပိုင်းတွင် အိန္ဒိယနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးထားသော လက်နက်များ တင်လာသည့် စစ်ယာဥ်တန်းများ တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း PDF Kalay တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်မှ စတင်ကာ မွန်းလွဲ ၃ နာရီခန့်အထိ ၅၆ မိုင်ကျေးရွာနှင့် မြလေးတောင်အကြားတွင် PDF (Kalay) မိုင်းအဖွဲ့မှ အသင့်တပ်ဆင်ထားသော မိုင်းများဖြင့် ၆ ကြိမ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ဒရုန်းနှင့် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် လမ်းသားပိုင်းများပါ ထိခိုက် ပျက်စီးသွားပြီး စစ်တပ် ယာဥ်တန်းသူများ ဆက်လက် ထွက်ခွာနိုင်ခြင်း မရှိဘဲ မြလေးတောင်တွင် စခန်းချရပ်နားထားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်းသိရသည်။

အဆိုပါ အိန္ဒိယနိုင်ငံမှတစ်ဆင့် လွှဲပြောင်းပေးထားသော လက်နက်များ တင်လာသည့် စစ်ယာဥ်တန်းသည် တမူးမြို့မှ ကလေးမြို့သို့ ထွက်ခွာလာသော ယာဥ်တန်းဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်နေ့တွင် ကလေးမြို့နယ် ရာ-၁ အကျဥ်းစခန်းသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်း Kalay PDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article