25 C
Yangon

ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါး ရောင်းချနေသူ ၃ ဦးကို ကရင်နီ ပြည် နယ်ရဲ ပူးပေါင်း အဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချနေသူ ၃ ဦးကို ကရင်နီပြည်နယ်ရဲ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း Karenni State Police -KSP အဖွဲ့က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ မူးယစ်ဆေးဝါး ရောင်းချနေသူများကို ကရင်နီပြည်နယ်ရဲ၊ အမှတ်(၁) ရဲစ ခန်း မှ အဖွဲ့ဝင်များ၊ KNDF B-08 KNDF CDM မှ တပ်ဖွဲ့ဝင်များ၊ နယ်မြေ အတွင်း ရှိ ကျေးရွာတာဝန်ခံများပါဝင်သည့် ပူးပေါင်းအဖွဲ့များက ဖမ်းဆီး နိုင်ခဲ့ ပြီး WY စာတမ်းပါ မူးယစ်ဆေးပြား ၂၅၃၅ ပြားနှင့် အခြား သက်သေခံ ပစ္စည်း များ ဖမ်းဆီးရမိခဲ့ကြောင်း နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ထားသည်။

” ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ ဖမ်းဆီးရမိတာပါ။ WY စိတ်ကြွ ရူးသွပ် ဆေးပြား ၂၅၃၅ ပြားနဲ့ အခြား သက်သေခံပစ္စည်းများလည်း ဖမ်းဆီး ရမိခဲ့ ပါ တယ်” ဟု Karenni State Police-KSP အဖွဲ့မှ တာဝန်ရှိသူ တစ်ဦး ကပြော ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article