ရန်ကုန်၊ နိုဝင်ဘာ ၂၇
လစဉ်ပြုလုပ်နေကျဖြစ်သည့် ၁၀ရက်တာ ‘တော်လှန်ပြည်သူ ထောက်ပို့ကူ Campaign’ တွင် ယခုလအတွက် “အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W” ကို ထောက်ပို့သွားမည်ဖြစ်သည့်အတွက် ပြည်တွင်းပြည်ပမှ ပြည်သူများ ပါဝင်ပေးကြရန်နှိုးဆော်ကြောင်း ထောက်ပို့လုပ်ဆောင်နေသူများက တိုက်တွန်းပြောကြားသည်။
စစ်တပ်၏ဖိနှိပ်ခြင်းခံနေရသော အညာဒေသ မြောင်နယ်က အမျိုးသမီးဖိုက်တာများနှင့်သာ ဖွဲ့စည်းထားသည့် အမျိုးသမီးစစ်သည်တော်တပ်ရင်း(မြောင်)-M2W အဖွဲ့သည် အကြမ်းဖက်စစ်တပ်ကို လက်သံပြောင်ပြောင်နှင့် တိုက်ခိုက်နေသလို စစ်ရေးလှုပ်ရှားမှုများအတွက် လိုအပ်သောအရာတွေကိုလည်း ထုတ်လုပ်ရေးလုပ်နေသည့် အဖွဲ့ဖြစ်သည်။
ယင်းအပြင် ကြားကာလလူထုအခြေပြုပညာရေးလုပ်ငန်းများ၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကုသမှုများ၊ သဘာဝဘေးနှင့်မီးဘေးသင့်ပြည်သူများကို ဖေးမကူညီမှုများပါ ပူးတွဲလုပ်ဆောင်နေကြသည့် တော်လှန်ရေးအဖွဲ့လည်းဖြစ်ပြီး ပြည်သူများ၏ ပါဝင်ထောက်ပို့မှုက အကြမ်းဖက်စစ်တပ်ကို အမြစ်ဖြတ်ရန် လွန်စွာအရေးကြီးသည့်အတွက် တတ်နိုင်သလောက် ပါဝင်ပေးကြရန် နှိုးဆော်ကြောင်း ထောက်ပို့လုပ်ဆောင်သူများက ပြောကြားသည်။
ငွေကြေးကောက်ခံသည့်ကမ်ပိန်းကို နိုဝင်ဘာလ (၂၅)ရက်နေ့ကနေ ဒီဇင်ဘာလ (၅)ရက်နေ့အထိ လုပ်ဆောင်မည်ဖြစ်သည့်အတွက် Messenger မှတစ်ဆင့် ဆက်သွယ်စာရင်းပေးနိုင်ပြီး မြန်မာကျပ်၊ အမေရိကန်ဒေါ်လာ၊ စင်္ကာပူဒေါ်လာ၊ ထိုင်းဘတ်၊ ဂျပန်ယန်း၊ NUGPay တို့နှင့် အလွယ်တကူငွေလွှဲနိုင်ကြောင်း ၎င်းတို့ထံမှသိရသည်။
ပါဝင်ကြသူတစ်ဦးချင်းစီကိုလည်း M2W ၏ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးပို့သွားမည်ဖြစ်သည့်အတွက် အညာဒေသ၏ သူရဲကောင်းအမျိုးသမီးပြည်သူ့ရဲဘော်များအတွက် ထောက်ပို့ပေးကြရန် တိုက်တွန်းလိုကြောင်း။ ငွေကြေးထောက်ပို့လိုသူများအနေနှင့် m.me/KoPhyoOFP သို့ဆက်သွယ်ပေးကြရန် နှိုးဆော်ကြောင်း ၎င်းတို့က ဆိုသည်။