ရန်ကုန်၊ နိုဝင်ဘာ ၂၇
မန္တလေးတိုင်း၊ တံတားဦးလေတပ်စခန်းမှ ဂျက်လေယာဉ် ၁ စင်း ယနေ့ နိုဝင် ဘာလ ၂၇ ရက်နေ့ ညနေ ၄ နာရီ ၅၈ မိနစ်အချိန် ပျံတက်သွားပြီး မြောက် ဘက် သို့ ဦးတည်ပျံသန်းသွားကြောင်း၊ အခြား ဂျက်လေယာဉ် ၂ စီးလည်း ပျံ တက်ရန် ပြင်ဆင်နေကြောင်း သိရှိရသည်။
“ဂျက်ဖိုက်တာ တံတားဦးမှ မြောက်အရပ်သို့ ဦးတည် ပျံတက်သွားပါတယ်။ ပထမဆုံး ခု တစ်စီးတက်တာ။ နောက် ထပ် ၂ စီး တက်ဖို့ ပြင်ဆင် နေပါ တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်က ပြောသည်။
ယင်းနောက် ယနေ့ ညနေ ၅ နာရီ ၇ မိနစ်အချိန်တွင် တံတားဦးမှ နောက်ထပ် တိုက်လေယာဉ် နောက်တစ်စင်း ထပ်မံတက်သွားကြောင်း သိရှိရသည်။
“နောက်ထပ် ထပ်တက်တာက ရိုးရိုးဖိုက်တာပါ။ ညနေ ၅ နာရီ ၇ မိနစ်မှာ တက် သွားပါပြီ။ အနိမ့်ပျံသန်းပါ။ ပထမ ဂျက်ဖိုက်တာက တံတားဦး မြို့ အရှေ့ဘက် ရှောင်ကွင်းကနေ အမြင့်ပျံပြီး မြောက်အရပ် ဦးတည်ပါတယ်။
ဒုတိယ ရိုရိုးဖိုက်တာ တံတားဦး အနောက်ရှောင်ကွင်းကနေ အနိမ့်ပျံ
မြောက် အရပ်ဦးတည်နေပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ လေတပ်သတင်း ရင်းမြစ်က ဆိုသည်။
အဆိုပါတိုက်လေယာဉ်များသည် ကချင်ပြည်နယ်ဘက်သို့ ဦးတည် ပျံသန်း တိုက်ခိုက်ဖွယ်ရှိနေပြီး ယခုပျံတက်မှုများကို အထူးသတိထားကြရန် ရန်ကုန် ခေတ် သစ် ၏ သတင်းရင်းမြစ်က ပြောသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်၏ တိုက်လေယာဉ် တစ်စီး။