30 C
Yangon

မုံလှရွာ လေကြောင်းတိုက်ခိုက်ခံရမှု သက်ကြီးတစ်ဦးနဲ့ ကလေးတစ်ဦးသေဆုံး၊ရွာလည်း ရစရာမရှိအောင် ညက်ညက်ကျေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ခင်ဦးမြို့နယ် မုံလှရွာကို အာဏာလု စစ်ကောင်စီတပ်က လေကြောင်းရော မြေပြင်စစ်ကြောင်းပါတိုက်ခိုက်လို့ (၉) နှစ်အရွယ် ကလေးတစ်ဦး၊ (၅၃) နှစ်အရွယ် ဒေါ်မြတို့ သေဆုံးခဲ့ရပြီး ရွာလည်း ရစရာမရှိအောင် ပျက်စီးခဲ့ပါတယ်။

Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ် ပစ်ကူပြီး လက်နက်ကြီး၊ ငယ်တွေနဲ့ ကျေးရွာစေတီ၊ စာသင်ကျောင်းတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၄ ရက် နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းက ကျေးရွာ အရှေ့ဘက်ကမ်းရှိ ဘုန်းတော်ကြီးကျောင်း၊ မြောက်ပိုင်းရှိ ရွှေစည်းခုံဘုရားဝင်းအတွင်း တန်ဆောင်းအပါအဝင် ကျေးရွာစာသင်ကျောင်းတို့ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာပါ။

ပစ်ခတ်မှုကြောင့် ဒေသခံနှစ်ဦးအပါအဝင် ကျေးရွာစေတီ နှစ်ဆူ၊ စာသင်ကျောင်း အလယ်ဆောင်တို့အပြင် ပြည်သူပိုင်နေအိမ်တွေ လက်နက်ကြီးကျည်ထိမှန် ပျက်စီးခဲ့ပါတယ်။

ဒါ့ပြင် မြေပြင်စစ်ကြောင်းကပါ ရွာကို မီးတင်ရှို့ ဖျက်ဆီးလို့ ပြည်သူပိုင်နေအိမ် ၉၃ လုံး၊ လူမှုကူညီရေးအသင်းပိုင် ကားနှစ်စီး၊ ပြည်သူပိုင် ဆိုင်ကယ်အစီး ၃၀ တို့ မီးလောင် ဆုံးရှုံးခဲ့ရတယ်လို့ ဖော်ပြပါတယ်။

လတ်တလောမှာတော့ ခင်ဦးမြို့နယ်၊ မုံလှရွာအပါအဝင် အနီးအနားရွာတွေက အရပ်သား လူထု ထောင်ဂဏန်း စစ်ဘေးရှောင်နေရတယ်ပါတယ်။

ဆောင်းတွင်းမို့လို့ စစ်ရှောင်တွေအတွက် အမိုးအကာ၊ အနွေးထည် လိုအပ်နေသလို
ရာသီအကူးအပြောင်း နာမကျန်းမှုကြောင့် ဆေးဝါးအကူအညီလည်း လိုအပ်နေတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဖော်ပြပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article