26 C
Yangon

ဒီးမောဆိုတွင် စစ်တပ် ရိက္ခာတင်ကားကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး၊ မြင်းမူ-ချောင်းဦး-မုံရွာ လမ်းပိုင်းနှင့် ယင်းမာပင်တွင် စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကယားပြည်နယ်၊ ဒီးမောဆိုတွင် အကြမ်းဖက် စစ်တပ် ရိက္ခာတင် ကား ၁ စီး မိုင်းဆွဲကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Karenni Revolution Union (KRU)ထံမှ သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ရိက္ခာ တင်ဆောင်လာသော အကြမ်းဖက် စစ်တပ်မှ စစ်ကား ၁ စီးသည် ကုန်းသာကျေးရွာကို ဝင်ရောက်လာစဥ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကားပေါ် လိုက်ပါလာသည့် စစ်သား ၃ ဦးသေဆုံးကာ စစ်ကားလည်း ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။

ကယားပြည်နယ်အတွင်း လက်ရှိချိန်တွင် တိုက်ပွဲများ ပြင်းထန်လာနိုင်သောကြောင့် ကျည် ၊ခဲယမ်း အကူအညီ အထောက်အပံ့များ ပေးပို့ကြရန် မေတ္တာရပ်ခံကြောင်း Karenni Revolution Union (KRU)က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူ-ချောင်းဦး-မုံရွာ လမ်းပိုင်း၌ အကြမ်းဖက် စစ်တပ် ယာဥ်တန်း၊ ကင်းပုန်းနှင့် မိုင်းရှာ စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၉ ဦးသေဆုံးကြောင့် မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်းထံမှ သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်နှင့် ကင်းပုန်းဝပ် နေရာယူရန် ခြေလျင် ထွက်ခွာလာကြသော စစ်သားများ နှင့် စစ်ကိုင်း – မုံရွာ လမ်းပိုင်းတွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည်ထွက်ခွာလာသော စစ်တပ် ယာဥ်တန်းများကို ၇ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၉ ဦးသေဆုံးကြောင်း သိရသည်။

နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် စစ်ကိုင်းမှ မုံရွာသို့ ဦးတည်ထွက်ခွာလာသော စစ်တပ် ယာဥ်တန်းကို မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန်နှင့် ကင်းပုန်းဝပ်ရန် အတွက် ခြေလျင် ထွက်ခွာလာသော စစ်သားများကို ချောင်းဦး – မုံရွာ လမ်းပိုင်းတွင် ပဒေသာမိုင်းများ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ခန့်တွင် စစ်ကိုင်း မှ မုံရွာသို့ ဦးတည် ထွက်ခွာလာသော စစ်တပ် ယာဉ်တန်းကို မြင်းမူ – ချောင်းဦး လမ်းပိုင်းတွင် နေရာ ၃ ခုခွဲ၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၆ ဦးသေဆုံးခဲ့​ကာ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင်လည်း ယင်း စစ်တပ် ယာဥ်တန်းကိုပဲ မြင်းမူ – ချောင်းဦး လမ်းပိုင်း၌ နေရာ ၂ ခုခွဲကာ အဝေးထိန်း စနစ်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှု ရှိသော်လည်း အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

ညနေ ၅ နာရီ ၅၅ မိနစ်တွင် ချောင်းဦး-မုံရွာ လမ်းပိုင်း၌ ကာကွယ်ရေး ရဲဘော်များက ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီးထိခိုက်သေဆုံးမှု အခြေအနေကို အတည် မပြုနိုင်သေးကြောင်း သိရသည်။

” မြင်းမူ-ချောင်းဦး-မုံရွာ လမ်းပိုင်းမှာ စစ်ခွေး ကင်းတွေ မိုင်းရှာတဲ့ကောင်တွေ ယာဥ်တန်းတွေကို ဖောက်ခွဲ တိုက်ခိုက်တာ ၉ ဦးမနည်းသေတယ်။ တချို့တိုက်ခိုက်မှုတွေကတော့ ခွေးသေစာရင်း အခုထိ မသိရသေးဘူး” ဟု မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် တို့မှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပေါ်တွင် ကင်းပတ်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ၂ ဦးသေဆုံးကြောင်း B-21Kani PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာသို့ ပြေဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်ခန့်က B-21 Kani PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) မှ ယင်းမာပင်မြို့ပေါ်ရှိ ကင်းလှည့် စစ်ကြောင်းကို သွားရောက် မိုင်းဆွဲ တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” စစ်ခွေးတွေ မြို့အတွင်း ကင်းပတ်နေတဲ့ အချိန်လုပ်ခဲ့တာပါ။ မနေ့ညက ဆွဲခဲ့တဲ့ မစ်ရှင်ပါ မနေ့ညက ၇ နာရီ ၁၅ ဝန်းကျင်က ဆွဲခဲ့တာပါ။ ယင်းမာပင်မြို့ဘအတွင်းဝင်ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။ ဒီနေ့ သတင်းအတည်ပြုချက်အရ အနည်းဆုံး၂ ဦး သေဆုံးပါတယ်” B-21 Kani PDF (ယင်းမာပင်ခရိုင် တပ်ရင်း ၁၇) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article