ရန်ကုန်၊ နိုဝင်ဘာ ၂၇
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများမှ ယနေ့ နိုဝင်ဘာ ၂၇ ရက်နေ့တွင် တော်လှန်ရေးအတွက် ထောက်ပို့နိုင်ရန်အလှူခံထွက်ရာတွင် UG Family ထောက်ပို့တပ်ခွဲ ၁ မှ စုစုပေါင်း ၁၅၂၀၀ ဘတ်၊ UG Family ထောက်ပို့တပ်ခွဲ ၂ အဖွဲ့မှ စုစုပေါင်း ၆၈၅၀ ဘတ်၊ UG Family ထောက်ပို့တပ်ခွဲ ၄ မှ ညနေ ၄ နာရီ ၆ နာရီအထိ ၄၆၅၀ ဘတ်၊ UG family ထောက်ပို့ တပ်ခွဲ ၅ မှ နေ့လယ် ၁ နာရီ ည ၇ နာရီ အထိစုစုပေါင်း ၁၁၄၂၀ ဘတ် ရရှိခဲ့ပြီး ငါးဖွဲ့ခွဲထွက်၍ အလှူခံထွက်ရာတွင် စုစုပေါင်း ၄၁၁၂၀ ဘတ်ရရှိခဲ့ကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
“တော်လှန်ရေးဆိုတာ လုပ်ချင်တဲ့အခါမှ အာသာဖြေရုံလောက်ပဲ လုပ်လို့ မရပါဘူး။ ကျွန်တော်တို့ အပတ်တိုင်း လုပ်နေပါတယ်။ တစ်ယောက်အား တစ်စုအားနဲ့ လုပ်လို့မရပါဘူး။ အများအားနဲ့ အားလုံးပါမှ ရမှာပါ” ဟု အပတ်စဉ် ထောက်ပို့ရန်ပုံငွေ ရရန်လုပ်ဆောင်နေသူတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ကောက်ခံရရှိသည့် အလှူငွေများကို တော်လှန်ရေးအဖွဲ့များကို ထောက်ပို့ရန်ပုံငွေအဖြစ် လွှဲအပ်သွားမည်ဖြစ်ပြီး အပတ်စဉ် ထိုသို့ ထောက်ပို့ရန်ပုံငွေရရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရှိရသည်။