30 C
Yangon

သံတောင်ကြီးတွင် စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကွယ်လွန်သူ ဒေါ်မလေး နာ ရေး သဂြိုလ်၊ ကျေးရွာ ခရစ်ယန် ဘုရားကျောင်းတွင် စစ်တပ်၏ လက်နက် ကြီး များ ပေါက်ကွဲ ကျရောက်မှု ရှင်းလင်း မည့်သူမရှိ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာတွင် ယမန်နေ့ PDF မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် များအကြား တိုက်ပွဲဖြစ်ပွားစဉ် စစ်တပ် ပစ်ခတ်သော လက်နက်ကြီးကျည်ထိမှန်၍ သေဆုံးသူ ဒေါ်မလေး၏ နာရေးကို ယနေ့ သဂြိုလ်ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၆ ရက်နေ့ နံနက် ၆ နာရီတွင် ဦးကိုကြီး ဦးစီးသည့် သံတောင် မြောက် ပိုင်း (အထူးဒေသ) တပ်ဖွဲ့၊ တပ်ခွဲ ၃ နှင့် မဟာမိတ် ပူးပေါင်းအဖွဲ့ PDF တပ် ရင်း ၃၅၀၁ ၊ တပ်ခွဲ ၄ ၊ ဒေသ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း ၍ စစ်ကောင်စီတပ်၏ သံမိုးတောင် တပ်စခန်းကို တိုက်ခိုက်ခဲ့ကြ ကြောင်း၊ တိုက်ပွဲ ကြာမြင့်ချိန် ၂ နာရီခွဲခန့်ရှိပြီး စခန်းရှိ စစ်ကောင်စီတပ်သား ၁၅ လုံး သေ ဆုံး ခဲ့ကြောင်း၊ ယင်းနောက် စစ်တပ်က ရဟတ်ယာဉ်များ၊ လက်နက်ကြီး များဖြင့် ပြန်လည်ပစ်ခတ်စဉ် သံမိုးတောင်ကျေးရွာမှ ဒေါ်မလေး လက်နက် ကြီး ထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“သံမိုးတောင်ရွာ မှာ လက်နက်ကြီးထိလို့ ဆုံးသွားတဲ့ ဒေါ် မလေး နာရေးကို ဒီနေ့ နာရေးသဂြိုလ်ပါတယ်။ ဒေါ်မလေးကလေဖြတ်ထားလို့ ထိုင်ခုံပေါ်မှာ ထိုင် နေတဲ့အချိန် အိမ်ပေါ် လက်နက်ကြီး ကျပြီး သူ့ ရင် ဘတ် လက်နက် ကြီး ထိပြီးဆုံးသွားတာပါ။ သေဆုံး သူနဲ့ အနီး မှာရှိတဲ့ အိမ်သား ၂ဦး ထိခိုက်မှုရှိလို့ တောင်ငူ ပြည်သူ့ဆေးရုံ မှာ ကုသမှု ခံနေရပါတယ်” ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

ထို့ပြင် စစ်တပ်က ပစ်ခတ်ထားသော လက်နက်ကြီးကျည်များသည် သံမိုး တောင် ကျေးရွာ မယ်တော်မာရီယာ ခရစ်ယာန် ဘုရှားရှိခိုးကျောင်းအတွင်း ကျရောက်ထိမှန်ခဲ့ပြီး မပေါက်ကွဲသေးသော လက် နက်ကြီးကျည် အများ အပြား လည်းရှိနေကြောင်း သိရှိရသည်။

“သံမိုးတောင်ရွာ ရဲ့ မယ်တော်မာရီယာ ဘုရားကျောင်း မှာ ကျခဲ့တဲ့ မပေါက် ကွဲ သေးတဲ့ လက် နက်ကြီးကျည်တွေလည်းရှိနေပါတယ်။ ဒီနေ့ ညနေထိ မရှင်း လင်း ရသေးဘူး။ဘုရားရှိခိုးကျောင်းလည်း လက်နက်ကြီးတွေထိထားပါတယ် ” ဟုဒေသခံတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က လက်ရှိတွင် လိပ်သို၊ သံမိုးတောင်ကျေးရွာ အပါ အဝင် အဆိုပါဒေသတစ်ခုလုံးကို အင်အားတိုးချဲ့၍ ပိတ်ဆို့ ကင်းလှည့် မှု များ လုပ်ဆောင်နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article