ရန်ကုန်၊ နိုဝင်ဘာ ၂၇
တရုတ်နိုင်ငံတွင် ကိုဗစ်မကူးစက်ရေး တင်းတင်းကျပ်ကျပ် ကိုင်တွယ်မှုများ အပေါ် သည်း မခံနိုင်တော့သည့် တရုတ်ပြည်သူများက သမ္မတရှီကျင့်ပင် နုတ် ထွက်ရေး ဆန္ဒပြကြပြီး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများသည် မြို့ကြီးတချို့သို့ ကူးစက်သွား ကြောင်း သိရှိရသည်။
တရုတ်အနောက်မြောက်ပိုင်းရှိ Urumqi မြို့တွင် လော့ဒေါင်းချထားစဉ် လူ ၁၀ ဦး မီးလောင် သေဆုံးခဲ့ပြီး ယင်းမီးလောင်သေဆုံးမှုဖြစ်ပြီးနောက် တရုတ်နိုင်ငံ တစ်ဝန်း တင်းကျပ်သော ကိုဗစ်မူဝါဒများအပေါ် ပြည်သူများက ဆန့်ကျင် သော ဆန္ဒပြမှုများ ကျယ်ကျယ် ပြန့် ပြန့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
တရုတ်တွင် အစိုးရ၏ တင်းကျပ်သော ကိုဗစ်မူဝါဒကို ဆန့်ကျင် သည့် ဆန္ဒပြမှု များ ပြင်းထန်လာကာ သမ္မတ ရှီကျင့်ပင် နုတ်ထွက်ပေးရေး ဒေါသ တကြီး ဆန္ဒ ပြလာကြခြင်းဖြစ်သည်။
တရုတ်နိုင်ငံ၏ မြို့တော်တစ်ခုဖြစ်သည့် ရှန်ဟိုင်းတွင် ဆန္ဒပြသူ ထောင်နှင့်ချီ ထွက် လာပြီး ဘေဂျင်းနှင့် နန်ကျင်းရှိ တက္ကသိုလ်များတွင်လည်း ကျောင်းသား များက ဆန္ဒပြကြသည်။
Urumqi မြို့တွင် Covid ကန့်သတ်ချက်များကြောင့် တိုက်ခန်းတွင် လူ ၁၀ ဦး ကို ပိတ်လှောင်ထားစဉ် မီးလောင်သေဆုံးမှုများဖြစ်ပေါ်စေသည်ဟုဆိုသော ပြောဆိုချက်ကို တရုတ်အာဏာပိုင်များက ငြင်းဆို သော်လည်း ပြည်သူများကို ရှား တောင့်ရှားပါး တောင်းပန်ခဲ့သည့် အပြင် ကန့်သတ်ချက်များကိုလည်း ဖယ် ရှား ရန် ကတိပြုခဲ့သည်။
တရုတ်နိုင်ငံ၏မြို့တော် ရှန်ဟိုင်းတွင် နိုဝင်ဘာလ ၂၆ ရက်နေ့ ဆန္ဒပြပွဲအတွင်း “ ရှီကျင့်ပင် ရာထူးမှဆင်း” ၊ “ကွန်မြူနစ်ပါတီ၊ ရာထူးမှဆင်း” စသည့် ကြွေး ကြော် သံများကို ပြည်သူများက ကြွေးကြော်ခဲ့ကြသည်။
ပြည်သူများက အဖြူရောင်နဖူးစည်းများ ဝတ်ဆင်လျက် ဖယောင်းတိုင် များ ထွန်းညှိကာ Urumqi တွင် လော့ဒေါင်းကြောင့် ပိတ်မိပြီး မီးလောင်သေဆုံးသူ ပြည်သူ ၁၀ ဦးအတွက် ဝမ်းနည်းကြောင်း ထုတ်ဖော်ခဲ့ကြသည်။
တရုတ်နိုင်ငံတွင် အစိုးရနှင့် ကွန်မြူနစ်ပါတီကို ဆန္ဒပြမှုများသည် ရှားပါးပြီး ကြီးလေးသော ပြစ်ဒဏ်များ ကျခံနိုင်သော လှုပ်ရှားမှုများလည်းဖြစ်သည်။
တရုတ်အစိုးရက Zero-Covid ဟုခေါ်ဆိုသည့် တင်းကျပ်သော ကိုဗစ် ပေါ်လ စီ အပေါ် မကျေမနပ်ဖြစ်မှုများ ကြီးထွားလာနေလျက်ရှိသည်။ ကြီးမား ကျယ် ပြန့်သော ဆန္ဒပြပွဲများသည် တရုတ်နိုင်ငံ၏ ခေါင်းဆောင်များအတွက် စိန်ခေါ် မှုတစ်ရပ်ဖြစ်သည်။
ရှန်ဟိုင်း လမ်းမများပေါ်တွင် ပြည်သူများက တရုတ်အစိုးရ ဆန့်ကျင်ရေး ဆန္ ဒပြ နေခြင်းမှာ နိုင်ငံတကာအတွက် အံ့အားသင့်သွားစေသည်။
ရှန်ဟိုင်းမြို့ Wulumuqi လမ်းဧရိယာရှိ Urumqiမှ မီးလောင်သေဆုံးသွားသည့် ပြည်သူ ၁၀ ဦးအတွက် ပန်းများချကာ တနင်္ဂနွေနေ့တွင် လူများက စုဝေးခဲ့ ကြသည်။ ရဲတပ်ဖွဲ့ဘက်က ဆန္ဒပြသူတချို့ကို ရိုက်နှက်ခြင်းနှင့် ငရုတ်ကောင်း များဖြင့် ပက်ဖျန်းမှုများ လုပ်ဆောင်ခဲ့ကြခြင်းဖြင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။
အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ဦးဆောင်သည့် ဆန္ဒပြသူများသည် အချို့နေရာများတွင် ရဲကားကို လက်သီး ဖြင့် ထိုးခြင်းများ လုပ်ဆောင် ခဲ့ကြ သည်။
ယမန်နေ့က ဘေဂျင်းနှင့် နန်ကျင်းရှိ တက္ကသိုလ်များတွင် ကျောင်းသားများက ဆန္ဒပြခဲ့ကြပြီး တရုတ်မြို့တော် Tsinghua တက္ကသိုလ်ဆန္ဒပြပွဲတွင် လည်း လူ ရာ နှင့်ချီ ပါဝင်ခဲ့ကြသည်။
ကိုဗစ်စတင်ဖြစ်ပွားရာ ၀ူဟန်မြို့တွင်လည်း ရာနှင့်ချီသောပြည်သူများက လမ်း ပေါ်ထွက်၍ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှုများလုပ်ဆောင်ခဲ့ကြသည်။
တရုတ်အစိုးရ၏ သုံးနှစ်ကြာ တင်းကျပ်သော ကိုဗစ် ကန့်သတ်ချက်များအပေါ် တရုတ်ပြည်သူ သန်းပေါင်းများစွာက ဒေါသထွက်နေကြပြီး တရုတ်အစိုးရ ဆန့် ကျင် ရေး လှုပ်ရှားမှုများ ဆက်လက် ကူးစက်ဖွယ်ရှိနေသည်ဟု နိုင်ငံ တကာ သတင်း များတွင် ရေးသားကြသည်။