23.9 C
Yangon

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်တွင် အိမ်သာစောင့်မှ ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်လာသူ ကျော်ဝင်း ပစ်ခတ် ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကျော် ဝင်း ယနေ့ နံနက် ၈ နာရီဝန်းကျင်အချိန်တွင် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှ သိရှိရသည်။

စစ်ကောင်စီခန့် ၈၁ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ကျော်ဝင်းသည် ရပ်ကွက်ရုံး ဆောက်လုပ်ရေး အတွက် ကြီးကြပ်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး သေနတ်သံ ၃ ချက် ကြားရကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“ဒဂုံဆိပ်ကမ်းမြို့နယ် ၈၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို နံနက် ၈ နာရီအချိန် ရပ်ကွက် ရုံးဆောက်လုပ်ရေးလုပ်နေတုန်း ဝင်ပစ်သွားတယ်။ ရုံးဆောက် နေချိန် ၀င်ပစ်တာ။ ၃ ချက်ထိတယ်။ သေဖို့များတယ်” ဟု ဒေသခံတစ်ဦးက ပြောဆုသည်။

၈၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး ကျော်ဝင်းသည် ယခင်က စျေးအိမ်သာစောင့် လုပ်ခဲ့ပြီး အုပ်ချုပ်ရေးမှူးလုပ်မည့်သူမရှိချိန်တွင် စစ်တပ်သတင်းပေး လုပ် ကိုင်နေရာမှ အုပ်ချုပ်ရေးမှူးအဖြစ် ဝင်ရောက်လုပ်ကိုင်သူဖြစ်ကြောင်း သိရှိ ရသည်။

“လောလောဆယ် စျေးအိမ်သာစောင့်ဘ၀က အုပ်ကြီးဖြစ်လာတဲ့ ကျော်ဝင်း တော့ သေသွားတာသေချာတယ်။ အဝေးက သေနတ်နဲ့ လှမ်းပစ်တာကို သူက ခုံနဲ့ ကာထားတယ် ။ အနီးကပ် ၃ ချက်မှာ သေသွားတယ်လို့ကြားတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်ခံရသော ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ၈၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး သည် စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်သည့်အပြင် ပြည်သူလူထုထံမှ ဧည့်စာ ရင်းနှင့် မတရားငွေကြေးများကောက်ခံခြင်း၊ စစ်တပ်အတွက် သတင်းပေးပြီး တော်လှန်ရေးလူငယ်များကို ဖမ်းဆီးရာတွင် ပါဝင်ခြင်း စသည့် စစ်တပ် သတင်း ပေး ဒလန်အလုပ်များကို လုပ်ဆောင်နေသူဖြစ်သည်ဟု သိရှိရသည်။

ဓာတ်ပုံ- ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ အမှတ် ၈၈ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article