25 C
Yangon

ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာကို စစ်တပ်က မီးတင်ရှို့

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာကို ယနေ့ မွန်းလွဲ ၂ နာရီ ကျော်အချိန်တွင် မီးတင်ရှို့နေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ အလယ်တောစံပြကျေးရွာအနီးတွင် စစ်တပ်နှင့် ပြည်သူ့ကာကွယ် ရေးတပ်များ တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အထိနာ ခဲ့ကြောင်း၊ စစ်တပ် တိုက်လေယာဉ်များဖြင့် အလယ်တောစံပြကျေးရွာကို ဗုံးကျဲ ချခဲ့ကြောင်း၊ ယနေ့တွင်လည်း စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသည့်အပြင် အင်ကြင်းကုန်းကျေးရွာကို မီးတင်ရှို့ကြောင်း၊ ယနေ့မွန်းလွဲ ၂ နာရီတွင် စစ် တပ်က အလယ်တောကျေးရွာကို မီးတင်ရှို့ကြောင်း သိရှိရသည်။

“လေယာဉ်နဲ့ဗုံးကျဲပြီးတော့ အလယ်တောရွာကိုမီးရှို့နေတယ်။ အိမ်ခြေ ၅၀၀ ကျော်လောက်ရှိတဲ့ ရွာကြီးပါ။ လေသာကျေးရွာဘက်မှာလည်း အကုန် ထွက် ပြေးနေရတယ်။ အင်ကြင်းကုန်း၊ လေသာရွာ၊ အလယ်တော ခွေးတွေက မီးပတ်ရှို့နေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ပြောသည်။

နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ ဝန်းကျင်အချိန်တွင် စစ်တပ်က အိမ် ခြေ ၁၀၀ ဝန်းကျင်ရှိသော အင်ကြင်းကုန်းကျေးရွာအတွင်းသို့ ဝင်ရောက် လာပြီး အိမ်များကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း၊ အင်ကြင်းကုန်းကျေးရွာသည် ယမန်နေ့ တိုက်ပွဲဖြစ်ပွားသော အလယ်တောစံပြကျေးရွာနှင့်ကပ်လျက်ရွာဖြစ်ပြီး စစ်တပ် က ယနေ့ နံနက်ပိုင်း ဝင်ရောက် မီးရှို့ခြင်းဖြစ်ကြောင်း၊ ပြည်သူများထွက် ပြေး တိမ်း ရှောင်နေရကြောင်း သိရှိရသည်။

“မီးရှို့ခံရတဲ့ အင်ကြင်းကုန်းကျေးရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်လောက်ရှိတယ်။ မနေ့က မီးရှို့ခံရတဲ့ အလယ်တောစံပြကျေးရွာနဲ့ သိပ်မဝေးဘူး ကပ်လျက် ပဲ။ အလယ်တောမှာ မနေ့က တိုက်ပွဲတွေဖြစ်ပြီး စစ်တပ်က အထိနာလို့ လေ ယာဉ်တွေနဲ့ဗုံးလာကျဲတယ်။ မြစ်ကြီးနားဘက်ကို တက်တဲ့ လမ်းတွေ မနေ့က တည်းကပိတ်ထားတာ ထီးချိုင့်မှာ ဆီကားတွေရော ကုန်ကားတွေရော ပိတ်မိ နေတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆို သည်။

ထီးချိုင့်တွင် နိုဝင်ဘာ၂၇ ရက်နေ့က တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားပြီး ယမန် နေ့ ညနေ ၅ နာရီကျော်အချိန် စစ်တပ်က ‌တိုက် လေယာဉ် ဖြင့် လာရောက် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ စစ်တပ်နှင့် ပြည်သူ့ ကာ ကွယ် ရေး တပ် များ အကြား တိုက်ပွဲပြင်းထန်ကာ စစ်တပ်ဘက်မှ အထိ နာနေ သ ဖြင့် တိုက် လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ထီးချိုင့်ဒေသ တော် လှန် ရေး ခေါင်းဆောင်များက ပြောသည်။

လက်ရှိတွင် တိုက်ပွဲများကြောင့် ကျေးရွာ ၅ ခုမှ ဒေသခံ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ မွန်းလွဲပိုင်းတွင် ထီးချိုင့်မြို့နယ်၊ အလယ်တောကျေးရွာကို မီးတင်ရှို့နေစဉ်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article