ရန်ကုန်၊ နိုဝင်ဘာ ၂၈
မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာ ၃ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ တစ်ရက်တည်း မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၆၀ ကျော်ပြာကျ သွား ကြောင်း ပေါက်မြို့နယ်-မြောက်ပိုင်း ကျေးလက်ဒေသ ပြောက်ကြားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက စတင်ကာ အကြမ်းဖက် စစ်တပ်က ပေါက် မြို့နယ်အတွင်းရှိ ဂဲဗင်အင်းကျေးရွာ၊ ညောင်ရင်းကျေးရွာနှင့် ဂွေးဂုံ ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ ရွာ လုံးကျွတ် ထွက်ပြေးတိမ်း ရှောင် နေရခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယနေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ညောင်ရင်းရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၅၀ ကျော် ပြာကျခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီ ၄၀ မိနစ်တွင် အကြမ်းဖက် စစ်တပ်က ဂဲဗင်အင်း ကျေးရွာကို ထပ်မံ မီးရှို့ခဲ့ပြီး နေအိမ် ၁၀ လုံးကျော်ပြာကျခဲ့ကြောင်း၊ ထို့ပြင် မွန်းလွဲ ၂ နာရီ ၅၅ မိနစ် တွင် ဂွေးဂုံကျေးရွာကို အကြမ်းဖက် စစ်တပ်က ဆက်လက် မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ စစ်တပ် ကင်းပုန်းများ ရှိနေသဖြင့် ပြည်သူများ ကျေးရွာအတွင်း ဝင်ရောက်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
” ပြည်သူတွေ ထိခိုက်မှု မရှိဘူးလို့ သိရပေမယ့် လူတွေ အကုန်လုံးကို ပြန် မစု နိုင်သေးတယ် တိတိကျကျ မသိရသေးဘူး။ ကျေးရွာ ၂ ရွာရဲ့ အခြေအနေပဲ သိရ ဦးမယ်။ နောက် တစ်ရွာက အခုထိ ဝင်လို့မရသေးဘူး။ ခွေးကင်း ပုန်းတွေလည်း စိုးရိမ်နေရတယ်။ စစ်ခွေး စစ်ကြောင်းက ချောင်းကူးဘက်ကို ပြန်ထွက် ဖို့များ တယ်” ဟု ပေါက်မြို့နယ်-မြောက်ပိုင်း ကျေးလက်ဒေသ ပျောက် ကြား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။