28 C
Yangon

ပေါက်မြို့နယ်တွင် ဇီးပြားစစ်တပ်စခန်းမှ ပျူစောထီးနှင့်စစ်သားများကို PDF တပ်ဖွဲ့များက တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ကျေးရွာ ၃ ခုမှ နေအိမ် ၉၆ လုံးကို စစ်တပ်က မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၈

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းမှ ထွက်လာသော ပျူစောထီး နှင့်စစ်သားများကို PDF တပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကြောင်း မြိုင်မြို့နယ်ပကဖမှ ဗိုလ်လင်္ကျာက ပြောသည်။

ယနေ့နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်၊ စစ်သားနှင့် ပျူစောထီးများသည် ဇီးပြားစခန်းထွက်လာပြီး လမ်း တလျောက်တွင် ကာ ကွယ် ရေးတပ်ဖွဲများဖြင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားကြောင်း၊ ညောင်ရင်းရွာ တွင် မိုင်းပွိင့် အနည်းဆုံး ၇ပွိင့် ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စစ်သား ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်တပ်နှင့်ပျူစောထီးများက အထိနာသွားပြီးနောက် ညောင်းရင်းရွာမှ နေ အိမ် ၈၆ လုံး၊ ခဲပင်အင်းရွာ နေအိမ် ၆ လုံး ဂွေးဂုဏ်ရွာမှ နေအိမ် ၄ လုံး စုစု ပေါင်း နေအိမ် ၉၆ လုံးကို မီးတင်ရှို့သွားကြောင်း၊ မီးရှို့နေသော စစ်ကောင်စီ တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အုပ်စလိုက် ထွက်ပြေးသွားကြကြောင်း ၊ ယနေ့ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိကြောင်း သိရှိရ သည်။

ယနေ့ တိုက်ခိုက်မှုကို မြိုင် ပကဖ တပ်ရင်း ၁ ၊ YDFတပ်ဖွဲ့၊ မြို့ပြပြောက်ကျား ပခုက္ကူ၊ တောင်ညိုနဂါးတပ်ဖွဲ့ နှင့် မြွေပွေးပျောက်ကျားတပ်ဖွဲ့၊ တိမ်လွှာမုတ် ဆိတ် အဖွဲ့ နှင့် ပေါက်မြို့နယ်မှ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း တိုက် ခိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article