29 C
Yangon

ရခိုင်တွင် စစ်ကောင်စီတပ်အင်အား လေးသောင်း ဝန်းကျင်ရှိဟု AA ခန့်မှန်း၊ အပစ် အခတ်ရပ်စဲပြီးနောက် ပြည်မဘက်သို့ ပြန်လည် ဆုတ်ခွာနေဟုဆို

Must read

ရန်ကုန်၊ နိုဝင်ဘာ၊ ၂၈ရက်

ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွား ခဲ့ရာ တွင် စစ်ကောင်စီ တပ် အင်အား ရခိုင်တွင် ၄ သောင်းဝန်းကျင်ခန့်ရှိရာ ၎င်းတပ်သားများကို နေရာအနှံ့များတွင် ဖြန့်ကျက်ချထားပြီး တိုက်ခိုက်ခဲ့ ကြောင်း ရက္ခိုင့်တပ်တော် AA က ယနေ့နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် ဩဂုတ်လက စ၍ တစ်ကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များ တွင် ရခိုင်မြောက်ပိုင်း များ အပါအဝင် ရခိုင်တောင်ပိုင်းများဖြစ်ကြသည့် တောင်ကုတ်၊ အမ်း၊ သံတွဲများတွင် နှစ်ဖက် တိုက်ပွဲ များ ပြင်းပြင်းထန်ထန် ဖြစ် ပွား ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အများဆုံးသေဆုံးသည့် ကာလ လည်းဖြစ် ကြောင်း ရခိုင်အရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။

ထိုတိုက်ပွဲများတွင် ၊ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး ချင်း ပြည်နယ် ပလက်၀ မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီဖက်ကလည်း ၎င်းတို့ တပ်ဖွဲ့ဝင်များအား မိုင်းဆွဲခံရ၍ သေဆုံး ဒဏ် ရာ ရမှုများ အများ အပြားရှိခဲ့ရာ ယင်းကဲ့သို့ သေဆုံးဒဏ်ရာရရှိမှုများ များပြား မှုကြောင့် ရခိုင် ပြည်သူ အရပ်သားများကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ လက်နက် ကြီး များဖြင့်ပစ်ခတ်ခြင်း၊ နေအိမ်များကို မီးရှို့ခြင်းနှင့် ဒေသခံ များကို ဖမ်းဆီး ခြင်းတို့ကို ဆက်တိုက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထိုနှစ်ဖက်တိုက်ပွဲများအတွင်း ရက္ခိုင့်တပ်တော် AA ဘက်ကလည်းအများ အပြားကျ ဆုံးခဲ့ပြီး သေဆုံးခဲ့သည့် အရေ အတွက်များကို သေချာရှင်းလင်း ပြောကြားခြင်းမရှိခဲ့ကြောင်း ၎င်းတို့ လစဉ်ပြုလုပ်ခဲ့သည့် သတင်းစာရှင်း လင်းပွဲများအရ တွေ့ရသည်။

ယနေ့နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည့် ရက္ခိုင့်တပ်တော်၏ သတင်းစာရှင်းပွဲတွင် စစ်ကောင်စီတပ်မှ အပြစ်မဲ့ ပြည်သူ ၃၂၄ ဦးကိုဖမ်းဆီး ခဲ့ပြီး ယင်းအထဲမှ ၈၅ ဦးကိုပြန်လွှတ်ပေးခဲ့ သည်ဟု AA၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။

လက်ရှိ ရခိုင်ပြည်အတွင်းတွင် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်ကြသည့် စကခ(၁၉) ၊ ဧရာဝတီတိုင်း ဒေသကြီး ကမ်းခြေစောင့်တပ်များ၊ မြောင်းမြဖက်မှ တပ်သားများနှင့် တပ်မများဖြစ်ကြသည့် တပ်မ၂၂၊ တပ်မ ၇၇၊ ၅၅၊ တပ်မ ၁၁ တို့ရှိကြောင်း ဦးခိုင်သုခက ပြောသည်။

ဆက်လက်၍ ဦးခိုင်သုခက “တပ်မတစ်ခုစီက ဗျူဟာ ၁ ကနေ သုံးလေးခုအထိ ရောက် လို့ ရှိပါတယ်။ တစ်ချို့ တပ်မတွေကတော့ နပခ ဘတ်တံဆိပ်တွေကို ပြောင်းတပ်ပြီးတော့ စစ်ဆင်ရေးတွေမှာ ပါဝင်ပြီး တော့ လုပ်ဆောင်နေတာ တွေရှိပါတယ်။ နောက်ပြီးတော့ တစ်ချို့ တပ်မတွေက ထုတ်နုတ် အင် အားတွေ နပခ ဘတ်တံဆိပ်ပြောင်းပြီးတော့ ပါနေတာတွေရှိတယ်၊ တစ်နိုင်ငံ လုံး အလိုက် တပ်မ အလိုက် ထိုးတာမဟုတ်ဘဲ ဖြန့်ပြီးတော့ ထိုးနေတာ တွေလည်း ရှိတယ်။ တစ်ချို့ အတိအကျ မပြောနိုင်တဲ့ တပ်မ၊ တပ်ရင်းတွေလည်း ရောက်နေ တာတွေရှိပါတယ်။ စကခ(၉) ဆိုလို့ရှိရင် ပလက်ဝ မြောက်ပိုင်း ကလပ်ချောင်းဖက်တွေမှာ လှုပ်ရှားတာတွေရှိတယ်”ဟုပြောသည်။

ထို့အပြင် တပ်မ ၂၂နှင့် တပ်မ ၇၇ တို့သည် ဘူးသီးတောင်၊ မောတော မြောက်ပိုင်းများတွင် ထိုးစစ် ဆင် လှုပ်ရှားမှုများရှိပြီး တစ်လောက ဖြစ်ပွားခဲ့သည့် မောင်တော ကြိမ်ချောင်း၊ ဝက်ကျိန်း ကျေးရွာဘ က်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မ ၂၂၊ တပ်မ ၇၇ တို့နှင့် AA တို့ တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ကြောင်း ဦးခိုင်သုခက ဆိုသည်။

ဦးခိုင်သုခက “ခန့်မှန်းခြေအင်အားပြောဖို့က ခတ်ပါတယ်။ တစ်ချို့ တပ်တွေကတော့ ရောက်လိုက်၊ ပြီးတော့ ပြန်ပြောင်းလိုက်အဲ့ဒါတွေရှိတယ်။ ခန့်မှန်းအင်းအားဆိုရင်တော့ ၃သောင်း ကနေ့ ၄သောင်း ဝန်းကျင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိရခိုင်မှာ ထိုးစစ်ဆင်နေတဲ့ စစ်သားအင်အား အဲ့လောက် ရှိတယ်လို့ ခန့်မှန်းပါတယ်”ဟုဆိုသည်။

ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားတို့မှ စစ်ကောင်စီတပ်ဖွဲဝင်များ စစ်တွေသို့ အပြောင်းအလဲ ရောက်ရှိလာပြီး စစ်တွေလေဆိပ်၊ ကျောက်ဖြူလေဆိပ်နှင့် သံတွဲ လေဆိပ်များမှ တစ်ဆင့် ပြည်မ ဘက်သို့ တပ်များဆုတ်ခွာနေကြောင်း တပ်တွင်းအရာရှိတစ်ဦး‌က ပြောဆိုသည်။

“တော်တော်များများ ပြည်မဖက်ကို သွားဖို့ ပြင်ဆင်နေကြတယ်။ မနေ့ကနဲ့ ဒီနေ့ သွားတာတွေရှိတယ်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ လေဆိပ်က သွားတာများတယ်။ အမ်းဖက်ကတော့ ကားနဲ့ သွားတာ မတွေ့ ရဘူး။ စစ်တွေက မနေ့ကနဲ့ ဒီနေ့ ၂ရက်မှာ ၂၆၀ ယောက်ရှိပါတယ်။ ကျောက်ဖြူကတော့ ၈၄ ယောက်ရှိတယ်။ သံတွဲကတော့ ၈၁ ယောက်။ ကားနဲ့ သွားတဲ့ စာရင်းမှာတော့ မတွေ့မိဘူး။ နယ်ဖက် တွေမှာ တပ်တွေအပြောင်းအလဲလုပ်တယ်။ ကျောက်တော်နဲ့ မြောက်ဦးဖက်က စစ်သားတွေ စစ်တွေကို မနေ့က ရောက်တာရှိတယ်။ ဒီနေ့လည်း ထပ်ရောက်ပါတယ်”ဟုဆိုသည်။

လက်ရှိ ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ လူသားချင်းစာနာမှုဆိုင်ရာ အပစ်ခတ်ရပ်စဲရေး ညှိနှိုင်းမှုအပြီးနောက်ပိုင်း စစ်ကောင်စီအနေဖြင့် ယခင်ကန့်သတ်ထားသည့် မြို့နယ်များထဲမှ တစ်ချို့ လမ်းကြောင်းများကို ဖွင့်ပေးလျက်ရှိနေသည်။

ဓာတ်ပုံ- ရခိုင်မှ အကြမ်းဖက်စစ်ကောင်စီတပ်သားတချို့။ (ပုံအဟောင်းဖြစ်သည်)

Photo- Agency။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article