30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -အစိုးရနဲ့ ပုဂ္ဂလိကဘဏ်တွေမှ ငွေကျပ် သိန်း ၂၀၀ ကနေ သိန်းထောင်ချီအထိ ကိုယ်ပိုင်ငွေထုတ်ယူသူ တွေကို စစ်တပ်က ခေါ်ယူစစ်ဆေးပြီး ငွေကြေးချမ်းသာသူတချို့မှာ စစ်တပ်၊ ရဲနဲ့ ထွေအုပ်ရဲ့ ငွေညှစ်ခံနေရ တဲ့ အတွက် လက်ရှိမှာ ငွေကြေး ချမ်းသာသူတွေဟာ ကိုယ့်ငွေကိုယ် ဘဏ်ကနေ ထုတ်ရင်တောင် အရေး ယူခံရ မယ့်အရေး စိုးရိမ်နေကြရတယ်လို့ ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းဆီက သိရပါတယ်။ – စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချပြီး မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်း အမေရိကန်ဒုသမ္မတ Kamala Harris က ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကို ပြောဆိုလိုက်ပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားရဲစန်းကို ရိက္ခာလာပို့တဲ့စစ်ကြောင်းကို PDF တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၆ ဦးသေဆုံးခဲ့တဲ့ သတင်းတွေအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article