36 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၆ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ -မြိုင်မြို့နယ် မှထွက်ခွာလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ယာဉ်တန်းကို ကိုင်းတောမစခန်းနဲ့ သရက်ကန်ပျူ စခန်းကြားမှာ ကြားဖြတ်တိုက်ခိုက်ရာ အသေများနိုင်တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ခေါင်းဆောင် ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ -လက်ရှိ မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပုံမှန်မရဘဲ မကြာခဏ ဆိုသလို ပြတ်တောက်နေလို့ ပြည်သူတွေ ဒုက္ခရောက် နေချိန် လျှပ်စစ်မီးကို ချွေတာကြဖို့ ရေကို ချွေတာကြဖို့နဲ့ စက်သုံးဆီကို ချွေတာရေး လုပ် ဆောင်မယ်လို့ အကြမ်းဖက် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ -ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ရပ်ကွက် ၅ခုကို တပ်ပိုင်မြေကျူးကျော်လို့ဆိုပြီး စစ်တပ်က အတင်းအဓမ္မ ဖျက်သိမ်း နေရာ စံသမာဓိရပ်ကွက်က အိမ်အဖျက်မခံတဲ့ ရခိုင်တိုင်းရင်းသူ မခိုင်နှင်းဝေနဲ့ နှစ်နှစ်အရွယ်ကလေးငယ်ကို ဖမ်းဆီးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article