40.9 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ နိုဝင်ဘာလ ၂၈ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ကြားဖြတ် တိုက်ခိုက်ခံရာမှာ စစ်ကောင်စီဘက် က ၄ ဦးသေသွားတယ်လို့ People’s Servant Revolution- Wetlet ကနေ သတင်းထုတ်ပြန် ထားပါတယ်။ – စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် မအူရွာ အနီးမှာ နိုဝင်ဘာလ ၂၈ ရက်နေ့က မိုင်းလာဖြုတ်တဲ့ အကြမ်း ဖက် စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က စနိုက်ပါနဲ့ ပစ်ခတ် ရာမှာ စစ်ကောင်စီဘက်က ၁ ဦးသေသွားတယ်လို့ သိရပါတယ်။ – အမေရိကန် ပြည်ထောင်စု၊ Buffalo မြို့မှာ ဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့ “ မသောက်မိသော မိုးခါးရေ” ရုပ်ရှင်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က ပြသခဲ့ရာမှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ခန့်မှန်းငွေ ၁၀,၀၀၀ ကျော် ရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရရှိထားတဲ့ သတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article