30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ – အကြမ်းဖက်လေတပ်က ဝယ်ယူထားတဲ့ တရုတ်လုပ် K-8W အမောင်းသင်နဲ့ တိုက်ခိုက်ရေး ဘက်စုံ သုံး တိုက်လေယာဉ် ၅ စီးကို တရုတ်နိုင်ငံကို ပေးပို့ပြင်ဆင်နေရာ ယခုရက်ပိုင်းအတွင်း တောင်ငူလေတပ် စခန်းကို ပြန်လည်ရောက်ရှိမှာဖြစ်တယ်လို့ လေတပ်သတင်းရင်းမြစ်ဆီက သိရပါတယ်။ – ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ တစ်ကျော့ပြန်တိုက်ပွဲဖြစ်ပွားခဲ့ရာရခိုင်ပြည်မှာ စစ်ကောင်စီ တပ်အင်အား၄ သောင်းဝန်းကျင်ကို နေရာအနှံ့ဖြန့်ကျက်ပြီး တိုက်ခိုက်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က နိုဝင်ဘာ ၂၈ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ – မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားစစ်တပ်စခန်းကနေထွက်လာတဲ့ ပျူစောထီးနဲ့ စစ်သားတွေကို PDF တပ်ဖွဲ့တွေက တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရ သတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article