30 C
Yangon

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၁ နယ်မြေမှာ အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုကို စတင် ဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်သွားမယ်လို့ အဲဒီအဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Saw Simon က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။ – မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လျှပ်စစ်မီတာရုံးမှ လက်ထောက်အင်ဂျင်နီယာ (AE) ရှမ်းလေး(ခ) မိုင်းအောင်နေထွန်း ပစ်ခတ်ခံရပြီး သေသွားတယ်လို့ ကျိုက်ထို information team မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောပါတယ်။ – တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝဲရစ်ရွာအနီးမှာ ဗိုလ်မှူး ဝင်းဌေးနိုင် အလောင်း လာကောက်တဲ့ စစ်ကား ၂ စီး မိုင်းဆွဲ တိုက်ခိုက်ခံရတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article