37 C
Yangon

KNU တပ်မဟာ ၁ နယ်မြေတွင် အမှတ် ၁ မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစု စတင် ဖွဲ့စည်း လိုက်ပြီး စစ်ကောင်စီ တပ်များကို တိုက်ခိုက်သွားမည် ဟုကြေ ညာ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ကရင်အမျိုးသားအစည်းအရုံး ၊ KNU တပ်မဟာ ၁ နယ်မြေတွင် အမှတ် ၁ မိတ် ဖက် တော်လှန်ရေး တပ် ပေါင်း စု ကို ယခုရက်ပိုင်းအတွင်း စတင် ဖွဲ့စည်း လိုက်ပြီး စစ်ကောင်စီတပ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း အမှတ် ၁ မိတ် ဖက် တော်လှန်ရေးတပ်ပေါင်းစု၏ သတင်းနှင့်ပြန်ကြားရေး တာ ဝန်ခံ Saw Simon ကရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၁ သထုံခရိုင်အတွင်းရှိ စစ်အာဏာရှင်ကို တော်လှန်နေသော ကာကွယ်ရေးအဖွဲ့ ၂၅ ဖွဲ့ပေါင်းစည်းပြီး KNU သထုံခရိုင် တပ်မဟာ(၁) မိတ်ဖက်တော်လှန် ရေး တပ် ပေါင်းစု အဖြစ် ယခုနှစ်၊ အောက်တိုဘာလအတွင်း ဖွဲ့စည်းခဲ့ကြောင်း၊ ယင်း နောက် သထုံခရိုင်၊ ဘားအံမြို့နယ်အတွက် အမှတ် ၁ မိတ်ဖက် တော်လှန် ရေးတပ်ပေါင်းစု ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရ သည်။

“တာဝန်ယူရတဲ့ နယ်မြေအတွင်းမှာရှိတဲ့ လက်နက်ကိုင် တော်လှန် စစ်ဆောင် ရွက်နေတဲ့ တပ်ဖွဲ့အားလုံး စုစည်း ပြီး တော်လှန်စစ်ဆင်နွဲနေတာပါ။ စုပေါင်း ဦးဆောင်မှု၊ ညီညွတ်မှုနဲ့ အာဏာရှင်ကျဆုံးရေး အစွမ်းကုန် ဆောင်ရွက် သွား မှာဖြစ်ပါတယ်” ဟု အမှတ် ၁ မိတ်ဖက်တော်လှန်ရေးတပ် ပေါင်းစု ၏ တပ်ရင်း ၁ ၊ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ Saw Simon က ရန်ကုန် ခေတ် သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မိတ်ဖက်တော်လှန်ရေး တပ်ပေါင်းစုသည် KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ PDF များ၊ ပကဖ များ၊ ပြောက် ကျား အဖွဲ့ များပေါင်းစည်းကာ ဖွဲ့စည်းလိုက် ခြင်း ဖြစ်ပြီး တစ်ခုတည်းသော ကွပ်ကဲမှု (စုပေါင်းဦးဆောင်မှု) ဖြင့် စစ်ကောင်စီ ကို ညီညွတ်စွာ တော်လှန် သွားမည်ဖြစ် ကြောင်း မိတ်ဖက်ရေးရာ ကြီးကြပ် ကွပ်ကဲ မှုကော်မတီ၊ KNU သထုံခရိုင် တပ် မဟာ ၁ က အောက်တိုဘာလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယခုနှစ် စက်တင်ဘာလ ၂၁ ရက်မှ ၂၄ ရက်နေ့အထိ အဖွဲ့အစည်း ခေါင်းဆောင်၊ တာဝန်ခံများအားလုံးပါဝင်သည့် တတိယအကြိမ် မျက်နှာစုံညီ အစည်းအဝေး ကျင်းပခဲ့ပြီး မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစုအဖြစ် ဖွဲ့စည်းကာ မှတ်ပုံတင် ကတ် ပြား စိစစ်ထုတ်ဝေခြင်းနှင့် ရှေ့လုပ်ငန်းစဉ်အချို့ ချမှတ်နိုင်ခဲ့ကြောင်း သိရှိရ သည်။

များမကြာမီ မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု၏ တပ်ရင်း များကို ထပ်မံ တိုးချဲ့ဖွဲ့စည်းရန် ရှိနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article