35 C
Yangon

Pကိုးကန့်၊ ချင်းရွှေဟော်ဒေသတွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးသေဆုံး၊ ဖရူဆိုနှင့် ရေစကြိုတွင် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၃၀

တရုတ်-မြန်မာ နယ်စပ် ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်တွင် MNDAA တပ်ဖွဲ့နှင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိကြောင်း The Kokang ထံမှ သိရသည်။

နိုဝင်ဘာလ ၂၇ ရက်၊ ၂၈ ရက်နှင့် ၂၉ ရက်နေ့တို့တွင် ကိုးကန့်၊ ချင်းရွှေဟော်ဒေသ၊ နမ့်ဖာတောင်ရှိ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် ကိုးကန့် (MNDAA) ၏ ခံတပ်စခန်းကို အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး MNDAA တပ်ဖွဲ့ဘက်မှ အပြင်းအထန် ခုခံ တိုက်ခိုက်ခဲ့ကြောင်းသိရသည်။

ထိတွေ့တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိပြီး တပ်ခွဲမှူး ၂ ဦး အပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် MNDAA ၏ ရှေ့တန်းနေရာများမှ မီတာ ၂၀၀ ခန့်အကွာသို့ ဆုတ်ခွာသွားကြောင်း သိရသည်။

အလားတူ ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် KNDF၊ PDF ပူးပေါင်းတပ်နှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၂၉ ရက်နေ့တွင် ဖရူဆိုမြို့နယ် လောဘူးဒါး ရပ်ကွက်၌ KNDF တပ်ရင်း (၄) နှင့် ဖရူဆို PDF တပ်ဖွဲ့တို့ ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီတပ်များနှင့် တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထိတွေ့ တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁ ဦး သေပြီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော်လည်း ကာကွယ်ရေး ရဲဘော်များ ထိခိုက်မှု မရှိခဲ့ကြောင်း KNDF တပ်ရင်း (၄) က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသည့် ယာဥ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်(ပ.က.ဖ) တပ်ဖွဲ့ထံမှ သိရသည်။

နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် စစ်သားနှင့် ရဲများ လိုက်ပါလာသည့် ယာဥ်တန်းကို ပရိမ်သာရွာ နှင့် အောက်အို ရွာကြားတွင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့- ရေစကြိုမြို့နယ်(ပ.က.ဖ) တပ်ဖွဲ့က မိုင်း ၃ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article