24 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: November, 2022

လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပခုက္ကူတွင် စစ်အင်အား ၆၀ ခန့်ပါသော စစ်ကား ၃ စီးကို ပဒေသာမိုင်း ၈ လုံး တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်မှု စစ်သား ၂၀ ခန့် သေဆုံး၊ စစ်ကိုင်း၊ တလိုင်း ရွာမှ စစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မကွေးတိုင်း၊ ပခုက္ကူတွင် စစ်အင်အား ၆၀ ခန့်လိုက်ပါသော စစ်ကား ၃ စီးကို ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂၀ ခန့်သေဆုံးကြောင်း ပခုက္ကူအခြေစိုက် နဂါးညီနောင်ပျောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၃...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညနေတင်ဆက်ပေးမယ့် သတင်းတွေကတော့ -စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအဖွဲ့ နှစ်ဖက်စလုံးက အနိုင်ရမယ်လို့...

မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မြိုင်မြို့နယ် သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ အာဏာရှင် မလိုလား မြတ်ဗုဒ္ဓသားတော်များ သပိတ် အင်အားစုမှ ယနေ့ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို ဆရာတော်များက "ဒီအချိန်မှာကြောက်ပြီးလုပ်သင့်တာမလုပ်ခဲ့လို့ရှိရင် နောင်ဆက်ပြီးကြောက်နေရမည့်စနစ်ကို လုပ်ပေးသလိုဖြစ်သွားမယ်" စာတန်းများ ကိုင်ဆောင်ကာ ပြုလုပ်ခဲ့ကြောင်း...

ခရမ်းတွင် ရိုးကြီးရွာအုပ်ချုပ်ရေးမှူး သန်းဌေး ပစ်ခတ်ခံရပြီး သေဆုံး၊ ပခုက္ကူ တွင် စစ်တပ်ထောက်ခံပွဲ ဦးဆောင်သူနှင့် စစ်ကိုင်းအုန်းတောမှ စစ်တပ် သတင်း ပေးဟု နာမည်ထွက်သူတို့ ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈ ရန်ကုန်၊ ခရမ်းမြို့နယ်၊ ရိုးကြီးရွာ အုပ်ချုပ်ရေးမှူး သန်းဌေးကို အမည်မသိ သေနတ်သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးသွားကြောင်း ခရမ်းဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ပြော ဆိုသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရိုးကြီးရွာ အုပ်ချုပ်ရေးမှူး...

အမျိုးသား ညီညွတ်ရေး အစိုးရမှ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ရန် အဖွဲ့ဝင်များ ဖိတ်ခေါ်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)မှ မသန်စွမ်း သူများ နေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ပြုလုပ်ရန် အဖွဲ့ဝင်များ ဖိတ်ခေါ်ထား​ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့ ရက်စွဲဖြင့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် ပြိုင်ပွဲများအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ထား​ကြောင်း၊...

မကွေး လ.ဝ.က ရုံးနှင့် မန္တလေးတို့တွင် ဗုံးပေါက်ကွဲပြီး လူ ၁ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈ မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ဘုန်းကြီး ကျောင်းအနီးတွင် နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက်ပိုင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၁ ဦး ဗုံးစထိမှန် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၈...

“ကျောင်းသားထု အားဖြင့် စစ်ကျွန်ပညာရေးကို မြေမြှုပ်ကြ” စာတန်းဖြင့် အကြမ်းဖက်စစ်ကောင်စီကို ချီတက်ဆန္ဒပြ

ရန်ကုန် ၊ နိုဝင်ဘာ ၁၈ ကိုလိုနီကျွန်ပညာရေးစနစ်ကို ကျောင်းသားများ စတင်သပိတ်မှောက်ကြရာမှ ပေါက်ပေါက်လာခဲ့သည့် အမျိုးသားအောင်ပွဲနေ့ (၁၀၂)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ချောင်းဦးမြို့နယ် လူငယ်အင်အားစုသပိတ်ကော်မတီ၊ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီနှင့် မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင်ကော်မတီတို့ မှပူးပေါင်းချီတက်၍ ကျောင်းသားထုတစ်ရပ်လုံးကပါ စစ်အာဏာရှင်တို့၏ ကျွန်ပညာရေးစနစ်ကို ဆက်လက်သပိတ်မှောက် တော်လှန်နေကြောင်း ချီတက်ဆန္ဒပြခဲ့ကြသည်။

မုံရွာမြို့ ပေါ်တွင် “ဖိနှိပ်ရင် တွန်းလှန်”စာသားချိတ်ဆွဲ၍ စစ်ကောင်စီ ကျဆုံး ရေး သပိတ်မှောက်

ရန်ကုန်၊ နိုဝင်ဘာ ၁၈ စစ်ကိုင်းတိုင်း၊ မုံရွာတော်လှန်လူငယ်များကွန်ရက်က လုံခြုံရေး တင်း ကျပ် ထားသည့် မုံရွာမြို့မီးပွိုင့်တစ်နေရာတွင် ပြည်သူများသွေးမအေးရန်"ဖိနှိပ်ရင် တွန်းလှန်"ဘန်နာချိတ်ဆွဲကာ အာဏရှင်ကျဆုံးရေးသပိတ်မှောက်ကြကြောင်း သိရှိရသည်။

Latest news

- Advertisement -spot_img