26.7 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: November, 2022

Breaking News- မကွေးလေတပ်ဌာနချုပ်စခန်းကို ရှော့တိုက်ဒုန်း ၃ လုံးဖြင့် KNLA ၊ PDF မဟာမိတ်ပူးပေါင်းတပ်များက ပစ်ခတ်၊ လေတပ်အတွင်းမည်သူ့ကိုမှ အဝင်မခံတော့ဘဲ လေတပ်အနီးရှိ သပြေစမ်းကျေးရွာကို စစ်တပ်က ဝင်စီးနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ မကွေးတိုင်း၊ မကွေးမြို့ပေါ်ရှိ လေတပ်စစ်ဌာနချုပ်ကို ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုန်း ၃ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း ပစ်ခတ်ခဲ့သည့် မဟာမိတ်ပူးပေါင်းတပ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၀ မိနစ်အချိန် မကွေးလေတပ်စခန်းဌာနချုပ်ကို KNLA...

တနင်္သာရီမြို့နယ်တွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပွားပြီး စစ်သား ၉ ဦးသေဆုံး၊ ဝက်လက်တွင်လည်း စစ်ကောင်စီ တပ်သားများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၅ တနင်္သာရီမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များအကြား တိုက်ပွဲ ၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်သား ၉ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် မော်တုန်းရွာ အနောက်ကမ်း၌...

ဆောနှင့်စစ်ကိုင်းရှိ ကျေးရွာများကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၂၀ ခန့် ဖမ်းဆီးခံထားရ၊ ဧရာဝတီမြစ်ဘေးရှိ ရွာများကိုလည်း စစ်တပ်က ဆက်တိုက်မီးတင်ရှို့နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ မကွေးတိုင်း၊ ဆောမြို့နယ် လက်ပန်းရွာကို အကြမ်း ဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ဆရာတော် ၁ ပါး အပါအဝင် ပြည်သူ ၅ ဦး ဖမ်းဆီးခံထားရကြောင်း ဒေသခံများထံမှ သိရသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်မှ...

ပုဏ္ဏားကျွန်း-ကွန်းတောင် ရထားဘူတာတွင် တပ်စွဲထားသည့် စစ်တပ်စခန်းကို AA ဝင်တိုက်၊ စစ်တပ်ဘက်မှ အထိနာနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ် ကွန်းတောင်ရထားဘူတာတွင် စစ်ကောင်စီတပ်စွဲထားသည့် စခန်းကို ရက္ခိုင့်တပ်တော် AA က ယနေ့ နိုဝင်ဘာ ၁၅ ရက် နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များကပြောသည်။ တိုက်ပွဲဖြစ်ပွားမှုမှာ ကွန်းတောင်ဘူတာထဲတွင် တပ်စွဲနေထိုင်သည့် စစ်ကောင် စီတပ်ဖွဲ့ကို AA...

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၅ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက်နေ့ နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့ - ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ဒီကနေစလို့ တိုက်ပွဲပြင်းထန်နေပြီး သံဖြူဇရပ် အမြောက်တပ်ကလည်း လက်နက်ကြီးတွေနဲ့...

Failed Law လှုပ်ရှားမှုတွင် အုတ်ဖိုမြို့ရှိ ပြည်သူများ ပါဝင်လှုပ်ရှား

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့တွင် အစစ်အဆေးများ များပြားနေသည့်ကြားမှ "Failed Law" လှုပ်ရှားမှုတွင် ယနေ့ ပြည်သူများက ပါဝင်၍ လှုပ်ရှားကြသည်။

မင်္ဂလာဒုံတွင် ဒုဗိုလ်မှူးကြီးဟောင်း လှဝင်း၏ တိုင်ကြားချက်အရ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးကို ဖျက်ဆီးရန် စစ်ကောင်စီက စနစ်တကျ လုံခြုံရေး ပြင်ဆင်နေ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်တိုးချဲ့ ၁ ရပ်ကွက်အတွင်းရှိ အိမ်ခြေ ၁၄၁၀ လုံးခန့်ကို စစ်ကောင်စီက ကျူးကျော်ဟုဆိုကာ ဖျက်ဆီးဖယ်ရှားရန် စနစ်တကျ လုံခြုံရေး ပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့၏ လျှို့ဝှက် ကြေးနန်းအရ သိရှိရသည်။ အငြိမ်းစား ဒုတိယဗိုလ်မှူးကြီး လှဝင်း၏ တိုင်ကြားမှုကြောင့် ထောက်ကြန့်...

စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် "ကျောင်းသားထုအားဖြင့်စစ်ကျွန်ပညာရေးကို မြေမြှပ်ကြ" ဘန်နာကိုင်ဆွဲကာနိုဝင်ဘာ ၁၅ ရက် ယနေ့တွင် ၆၁၄ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

ခင်ဦးသို့ စစ်ကြောင်းထိုးလာသော စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၇ ဦးသေဆုံး၊ စစ်တပ်က လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်နေ၍ ပြည်သူထောင်ချီ ထွက်ပြေးနေရ

ရန်ကုန်၊ နိုဝင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးကြောင်း Lightning Guerrilla Revolution Forceမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောသည်။ နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၇...

“Failed Law Movement ကို သန်လျင်၊တောင်ကြီးမြို့နှင့် ရန်ကုန်မြို့နေရာအနှံအပြားတွင် ပြည်သူများ ပြုလုပ်

ရန်ကုန်၊ နိုဝင်ဘာ ၁၅ တော်လှန်ပြည်သူတစ်ဦးမှ သန်လျင်မြို့နယ်တရားရုံးနှင့် သန်လျင်ခရိုင်တရားရုံးရှေ့တွင် ပျက်စီးနေသည့်တရားဥပဒေကို မီးမောင်းထိုးပြသည့် Failed Law လှုပ်ရှားမှုပြုလုပ်ခဲ့ပြီး တောင်ကြီးမြို့နှင့် ရန်ကုန်မြို့နေရာအချို့တွင်လည်း ပြည်သူများနှင့် ကျောင်းသားလူငယ်များမှလည်းပျက်စီးနေသည့်ပညာရေးစနစ်နှင့် တရားမျှတမှုဆိတ်သုန်းနေမှုကို ဖော်ဆောင်သည့် Failed Law လှုပ်ရှားမှုတွင်ပါဝင်ခဲ့သည်။

Latest news

- Advertisement -spot_img