25 C
Yangon

၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား ဖွင့်ပွဲ လုံခြုံရေးကတ်မရှိသူ များ ဝင်ခွင့်မပြုဘဲ သတ်မှတ်လူဦးရေဖြင့်သာ ကျင်းပမည်၊ ဖွင့်ပွဲတက်မည့် အကြမ်းဖက်စစ်ကောင်စီဝင်များ လုံခြုံရေး စိုးရိမ်ပူပန်နေ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နိုဝင်ဘာ ၇ ရက်နေ့ နံနက်ပိုင်း ဖွင့်လှစ်မည့် ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲကို လုံခြုံရေးကတ်မရှိသူ မည်သူ့ကို မဆို ဝင်ခွင့်ပေးမည်မဟုတ်ဘဲ လုံခြုံရေးတင်းတင်းကျပ်ကျပ်ဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြော သည်။

“မန်ငြိမ်းမောင်တို့ သက်သက်ခိုင်တို့တော့ ရောက်နေတယ် ကြားတယ်။ မင်းအောင်လှိုင်လာမယ် လိုလိုလည်း သတင်း လွှင့်နေတယ်။ လာမလာတော့မသိဘူး။ အဲဒါ ဖွင့်ပွဲကိုတော့ လုံခြုံရေးကတ်မရှိသူတွေ ဘယ်သူမှ တက်ခွင့်မပေးဘူး။ အပြင်လူ အဝင်မခံဘူး။ ဒရုန်းနဲ့ ဗုံးလာကျဲမှာစိုးလို့ ဒရုန်းပစ်ချတဲ့ လက် နက်တွေလည်းပြင်ထားတယ်။ ဖွင့်ပွဲကို မြန်မြန်လုပ်ပြီး မြန်မြန်သိမ်းမယ်။ ဖွင့်ပွဲတက်မယ့်သူတွေအားလုံး လုံခြုံရေးစိတ်ပူနေကြတယ်” ဟု ရန်ကုန်ခေတ်သစ် ၏ သတင်းရင်းမြစ်က ပြောသည်။

ယနေ့ညပိုင်း ကရင်ပြည်နယ်၊ ဘားအံမြို့၊ ၆၇ ကြိမ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား အနီးတွင် ဗုံး ၂ လုံး ပြင်းထန်စွာ ပေါက်ကွဲခဲ့ပြီး စစ်တပ်နှင့် BGF တပ်များ လုံခြုံရေးယူထားကြောင်း သိရှိရသည်။

ဓါတ်ပုံ- ရန်ကုန်ခေတ်သစ်က ရရှိထားသော မနက်ဖြန်ကျင်းပမည့် ၆၇ ကြိမ်မြောက် ကရင်ပြည် နယ်နေ့ အခမ်း အနား ဖွင့်ပွဲ ဝင်ခွင့် လုံခြုံရေး VIP ကတ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article