32 C
Yangon

စစ်ကိုင်းနှင့် မတ္တရာမြို့နယ် အစပ်နှင့် ထားဝယ်- ထီးခီး လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦးအပါအဝင် ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၂ ဦးသေဆုံးကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ဒီဇင်ဘာလ ၂ ရက်နေ့တွင် စစ်ကိုင်းတိုင်း တပ်မ ၃၃ မှ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် နံနက် ၅ နာရီ၀န်းကျင်တွင် စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်ဘက်ခြမ်းကျေးရွာများကို အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းများထိုးပြီး ၀င်ရောက် ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ပြင်ဦးလွင်ခရိုင် (ပကဖ) မတ္တရာမြို့နယ် ကောင်းကင် တော်လှန်ရေး အင်အားစုများနှင့် နယ်မြေခံ ပကဖ တပ်ဖွဲ့များ ပူးပေါင်းကာ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်ဘက်မှ စစ်ကြောင်းထိုးလာသော ရှေ့ပြေးအဖွဲ့ တစ်ဖွဲ့ကို ကောင်းကင် တော်လှန်ရေး အင်အားစု နဂါးနီပြောက်ကျားတပ်ဖွဲ့မှ အလစ်၀င်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ အရာရှိ ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးပြီး ၅.၅၆ ကျည်တောင့် ၄၀၊ ၄၀ မမ ဗုံးသီး ၄ လုံး သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်-ထီးခီးကားလမ်းမပေါ်ရှိ ဝကုန်းရွာအနီး၊ ဒွေးညီနောင်တွင် ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၆ နာရီတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကား ၂ စီး အင်အား ၁၀၀ ပါ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၃ ဦးထက် မနည်းသေကာ အများအပြားထိခိုက်ဒဏ်ရာသွားကြောင်း ထားဝယ် ပ. က.ဖ က သတင်းထုတ်ပြန်သည်။

တိုက်ခိုက်မှုကို ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊သံမဏိပြောက်ကြားတပ်ဖွဲ့ (နဘယံ) ၊KawThooLei တပ်ခွဲ၃၊ တပ်ခွဲ ၆ တို့ မိနစ်(၂၀)ကြာအထိ အလစ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် စစ်ကောင်စီဝင်များသည် တိုက်ခိုက်ခံရပြီးသည့်နောက် ကျောက်မဲတောင် ကျေးရွာဘက်သို့ ဆုတ်ခွာခဲ့ကာ ဝကုန်းရွာသို့ရောက်ချိန်တွင် အနီးရှိ ပြည်သူပိုင်အိမ်များကို ဖောက်ထွင်း၍ ပစ္စည်းများကို ခိုးယူသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article