36 C
Yangon

မြောင်နှင့် မုံရွာတွင် အကြမ်းဖက်စစ်သားများ တိုက်ခိုက်ခံရ၊ စစ်သား (၅)ဦး သေဆုံး၊ (၁၅) ဦး ဒဏ်ရာရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၀

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ရွှေဘုံသာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သော အကြမ်းဖက်စစ်ကောင်စီ တပ်သားများကို လိုက်လံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများထိခိုက်သေဆုံးမှုရှိသော်လည်းအတိ အကျ မသိရှိခဲ့ရကြောင်း‌ Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်) က ရန်ကုန်ခေတ်သစ် သတင်းဌာနကို ပြောသည်။

ကျောက်ရစ်အထိုင်ချစခန်းမှ ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထွက်ခွာပြီး ကျောက်ရစ်ကျေးရွာရှိ နေအိမ် ၁၅ လုံးကျော်ကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်သားများအား လမ်းခု လပ်တစ်နေရာမှ စစ်ကိုင်းခရိုင်တပ်ရင်း၁ မြောင်တပ်ခွဲ ၃၊ စစ်ကိုင်းခရိုင်တပ်ရင်း၂ မြောင်တပ်ခွဲ ၃၊ 11 BRF၊ CDSOM တို့ အပါအဝင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းကာ လိုက်လံ တိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

“ရွှေဘုံသားကျေးရွာကနေ ထွက်လာတဲ့စစ်ကြောင်းကို နောက်ကနေလိုက်ပြီး ပစ်ခတ်တယ်၊ မိုင်းဆွဲ တယ်၊ အသင့်နေရာယူပြီး တိုက်ခိုက်ခဲ့မဟာမိတ်တွေနဲ့လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲ ဖြစ်တာပေါ့၊ ထိသေဆုံးတာရှိပေမယ့် အတိအကျမသိရဘူး၊ စခတွေက ကျောက်ရစ်ကိုပြန်သွားတယ်၊ အဲဒီကနေ မြောင်အထိုင်တပ်ကို ပြန်သွားတာ” Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်)မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ဌာနသို့ ပြောသည်။

မြောင်မြို့ရှိအထိုင်တပ်စခန်းသို့ရောက်ရှိနေသော အကြမ်းဖက်စစ်သားများသည် အင်အားထပ်တိုး ကာ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ပြန်ထွက်ခွာလာသဖြင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များမှလည်း အပြင်းအထန်ခုခံတိုက်ခိုက်နေကြောင်း သည်။

“အဲဒီစစ်ခွေးတွေက အခုမြောင်ကနေ ပြန်ထွက်လာနေပြီ။ ပြန်ထွက်လာနေပြီတော့ ပူးပေါင်းမဟာမိတ် တွေရဲ့ မိုင်းဆွဲသံတွေလည်း ကြားနေရပြီဗျ” ဟု Myaung Union Army (ပြည်သူ့တပ်မတော် -မြောင်)မှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

အလားတူ မြောင်မြို့နယ်၊ တမဆေးကန်ရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကိုလည်း ဒီဇင်ဘာလ ၈ ရက်နေ့က ၄၀ မမ (၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့ သေးကြောင်း သိရသည်။

နမခမှ ဘုတလင်မြို့နယ်သို့ ထွက်လာသော အကြမ်းဖက်စစ်သားများမိုင်းဆွဲ တိုက်ခိုက်ခံရ၊ စစ်သား (၅) ဦးသေဆုံး (၁၅) ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အလုံမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ ဘုတလင်သို့ ထွက် ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒီဇင်ဘာလ ၉ ရက် နံနက်ပိုင်းက မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား (၅)ဦးသေဆုံးပြီး (၁၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Chindwin Brothers ထံမှ သိရသည်။

မနေ့က ဒီဇင်ဘာလ ၉ ရက် နံနက် ၈ နာရီခွဲခန့်က အင်အား ၆၅ ယောက်ဖြင့် ဘုတလင်မြို့သို့ ထွက်ခွာ လာရာ မုံရွာမြို့နယ်နှင့် ဘုတလင်မြို့ကားလမ်းမတစ်နေရာ၌ Chindwin Broters ၊ Anonymous Heros ၊ ချိုမိုင်မိုင် ၊ Bo Tite Maung ၊ တပင်ရွှေထီး(ဆံရှည်) ပူးပေါင်းတပ်ဖွဲ့မှ ပဒေသမိုင်း(၁၂)လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ပဲစင်းငုံ၊ ပြောင်းခင်းတွေကြားထဲကနေ ပုန်းပြီးမိုင်းဆွဲခဲ့ရတာ၊ စခတွေ မိုင်းပေါ်ရောက်ပြီဆိုတာတောင် အနီးအနားပြည်သူက သတင်းပေးလို့ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့တာ၊ စစ်သား (၅) ဦးသေတယ်၊ (၁၅) ဦး လောက်ဒဏ်ရာရတယ်ဆိုတာလဲ ပြည်သူတွေပဲ သတင်းပေးတာ” ဟု Chindwin Broters PDF တပ်ဖွဲ့မှ ပြောသည်။
ယင်းမိုင်းဆွဲတိုက်ခိုက်ပြီးနောက် နမခမှ ရဟတ်ယာဉ် တစ်စီးဖြင့် ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက် စစ်သားများရှိရာနေရာသို့ အထုပ် ၃ ထုပ်ချပေးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသော အကြမ်းဖက်စစ်သား များကို ထမ်းစင်များဖြင့် သယ်ယူကာ အနီးအနားရှိကျေးရွာအတွင်းသို့ သယ်ဆောင်သွားပြီး ကျေးရွာအ တွင်းရှိ ကြက်၊ဝက်များကို သတ်ဖြတ်စားသောက်နေကြကြောင်း သိရသည်။

Photo- Myaung Union Army တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article