28 C
Yangon

ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီး ယာဉ်စစ်ရဲအဖွဲ့ မိုင်းခွဲခံရပြီး ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန် ရွှေပြည်သာတံတားအဆင်း ၁၄ လမ်းဆုံအနီး ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ယာဉ်များကို စစ်ဆေးခြင်းပြုလုပ်နေသော ရဲများနှင့် ယာဉ်ထိန်းရဲအဖွဲ့ကို မြို့ပြပျောက်ကျားတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ရာ ရဲ ၃ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာ ရရှိကြောင်း မြို့ပြပျောက်ကျားတပ်ဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၄ ရက် နံနက် ၉ နာရီအချိန် ရွှေပြည်သာတံတားအဆင်း ယာဉ်စစ်ရဲအဖွဲ့ကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ထိန်းရဲ ၃ ဦးသေဆုံးကြောင်း၊ အခြား ရဲ ၂ ဦး ဒဏ်ရာရကာ ယာဉ်စစ်အဖွဲ့ ၏ ကားတစ်စီး ပျက်စီးမှု ရှိကြောင်း တော်လှန်ရေး ရဲဘော်များက ရန်ကုန် ခေတ်သစ် သို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် Yangon Urban Guerrilla Army (YUGA MO-7 Eagles) တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article