23 C
Yangon

သပိတ်ကျင်း၊ ဇင်းချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေ

Must read

သပိတ်ကျင်း၊ ဇင်းချောင်းရွာကို စစ်တပ်က မီးတင်ရှို့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

မန္တလေး၊ သပိတ်ကျင်းမြို့နယ်၊ ဇင်းချောင်းရွာကို အကြမ်းဖက် စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဇင်းချောင်းရွာကို စတင်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

” သပိတ်ကျင်းမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်း မှာရှိတဲ့ ဇင်းချောင်းရွာကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက ဒီနေ့ နံနက်ပိုင်းမှာ မီးတင်ရှို့နေပါတယ်။ ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်။ ကာကွယ်ရေးအဖွဲ့နဲ့ အနည်းငယ် ပစ်တာတော့ရှိတယ်။ အင်အားမမျှလို့ ကာကွယ်ရေး အဖွဲ့တွေ နောက်ဆုတ်ပေးလိုက်ရတယ်” ဟု ဒေသခံ ပြည်သူတစ်ဦးကပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဇင်းချောင်းရွာတွင် ဒီဇင်ဘာလ ၂၈ ရက်က စတင်ဝင်ရောက် စီးနင်းခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ ကျေးရွာအတွင်း ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်ရှိ​​ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_img

Latest article