36 C
Yangon

ကနီတွင် ၈ ရက်တာတိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သေဆုံးပြီး PDF ၆ ဦးကျဆုံး၊ ကျောက်ဆည် တွင် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

Must read

ကနီတွင် ၈ ရက်တာတိုက်ပွဲအတွင်း စစ်သား ၄၀ ကျော်သေဆုံးပြီး PDF ၆ ဦးကျဆုံး၊ ကျောက်ဆည် တွင် စစ်ကား တစ်စီးကို မိုင်းဆွဲတိုက်ခိုက်

ရန်ကုန်၊ ဒီဇင်ဘာလ ၂၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ နေ့စဉ် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၀ ကျော်သေဆုံးကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦး ကျဆုံးခဲ့ကြောင်း National Revolutionary Guards အဖွဲ့မှ ဗိုလ်မော်ကွန်းက ရန်ကုန် ခေတ်သစ် သတင်း ဌာနသို့ ပြောကြားသည်။

မုံရွာမြို့အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ဒီဇင်ဘာလ ၁၉ ရက်နံနက်မိုးမလင်းမီ ဖလက်ခွန် ၈ စီးဖြင့် တက်လာ သော အကြမ်းဖက်စစ်တပ်သားများ၊ လုံခြုံရေးယူပေးသော အကြမ်းဖက်စစ်သားများနှင့် ကျောက်မှော် ရွာမှ မုဌောရွာအထိ တိုက်ပွဲဖြစ်နေရာ ယင်းတိုက်ပွဲများအတွင်း အကြမ်းဖက်စစ်သား ၄၀ ကျော်သေဆုံး ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၆ ဦးကျဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဒီဇင်ဘာလ ၁၉ ရက်နေ ဒီနေ့အထိ စစ်ခွေးသေဆုံးမှုအရေအတွက် အတည်ပြုချက်ရထားတာ ၄၀ ကျော်ပြီ၊ သူတို့ဘက်က လေကြောင်းရော၊ ရေကြောင်းရော၊ ကုန်းကြောင်းရော သုံးတယ်၊ ကျနော်တို့ ဘက်ကလည်း လူချိန်းပြီးချနေတာ၊ နေ့တိုင်းပဲ၊ နေ့တိုင်းချနေရတော့ လက်နက်ခဲယမ်းကတော့ လိုအပ်ချက်ရှိနေပါတယ်” ဟု National Revolutionary Guards အဖွဲ့မှ ဗိုလ်မော်ကွန်း ရန်ကုန်ခေတ် သစ်သတင်း ဌာနကိုပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် သင်္ဘောဖလက်ခွန် ၈ စီးတွင် မုဌောကျေးရွာအနီး၌ ၄ စီး သောင်တင်နေပြီး ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများကို နေ့စဉ်နှင့်အမျှတိုက်ခိုက်နေရာ တိုက်ပွဲများပြင်းနေထန်နေကြောင်း ၊မုဌောရွာ၊ ချိုင်ရွာ၊ ဒင်ပေါက်ရွာ၊ ဝါးတန်းရွာ၊ သရက်ပင်ရွာအပါ အဝင် မြစ်ကမ်းဘေးဒေသခံပြည်သူထောင်ချီ၍ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရ သည်။

“ပြည်သူတွေ တောထဲတောင်ထဲ ဒုက္ခရောက်ကြသလို ကျနော်တို့လည်း လက်နက်ခဲယမ်း အရမ်း လိုအပ်နေ တယ်။ NUG ၊ MOD တင်တာလည်း လွှတ်တော်တက်ရသလိုပဲ ပယ်ချနေလားမသိဘူး။ တပ်ရင်းတင်တာလည်း နှစ်ကြိမ်ရှိပြီ” ဟု ဗိုလ်မော်ကွန်းက ပြောဆိုသည်။

အလားတူ မန္တလေးတိုင်း၊ ကျောက်ဆည်-အုန်းတောလမ်းပေါ်တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က အကြမ်း ဖက်စစ်ကောင်စီကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက် ဒဏ်ရာ ရရှိသူများရှိကြောင်း The Pentagram (ငါးထောင့်ကြယ်) အဖွဲ့ကပြောသည်။

အကြမ်းဖက်စစ်သားအပြည့်တင်လာသော စစ်ကားကြီးတစ်စီးကို The Pentagram –( ငါးထောင့် ကြယ်)၊ Phoenix SGG ၊ စစ်ကိုင်းခရိုင် တပ်ရင်း ၇ နှင့် People Revolution Force(PRF) မဟာ မိတ်ညီနောင်များပူးပေါင်းကာ ပဒေသာမိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို နယ်မြေအနေအထားကြောင့် အကြမ်းဖက်စစ်ကောင်စီကင်းပုန်းများအကြားမှ ခက် ခက်ခဲခဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို စုံစမ်း နေဆဲဖြစ်ကြောင်း The Pentagram (ငါးထောင့်ကြယ်) အဖွဲ့ထံမှ သိရှိရသည်။

ဓာတ်ပုံ- National Revolutionary Guards တပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article