30 C
Yangon

ကနီမြို့နယ်တွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် များ ဖြင့် ပစ်ခတ်နေ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ဒေသပြည်သူ့ ကာ ကွယ် ရေး တပ်များ အကြား ယနေ့ နံနက်ပိုင်း တိုက်ပွဲများဖြစ်ပွားနေပြီး စစ် တပ် က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသ ပြည်သူများနှင့်ဒေသကာကွယ်ရေးတပ်များက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုကြသည်။

ကနီမြို့နယ် မုဌေါရွာအနီးတွင် ဒီဇင်ဘာလ ၂၁ ရက်နေ့ ၊ နံနက် ၇ နာရီ အချိန် မှစတင်ပြီး စစ်ကောင်စီနှင့်ဒေသပြည်သူ့ကာကွယ်ရေးတပ် အဖွဲ့ပေါင်းစုံတို့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက Mi35 ရတ်ယာဉ်များဖြင့် ပစ်ခတ် နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခုတိုက်ပွဲဖြစ်ပွားနေသော စစ်ကောင်စီတပ်များသည် ဒီဇင်ဘာလ ၁၈ ရက် နေ့ ၊မုံရွာမြို့နယ်၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းမှ စတင်ထွက်ခွာသော တပ်များ ဖြစ်‌ပြီး ကျောက်မှော်ကျေးရွာမှ ပြည်သူ ၂ ဦး၊ အိုင်တောင်ကျေးရွာမှ ပြည်သူ ၂ ဦး စုစုပေါင်း အရပ်သား ပြည်သူ ၄ ဦးကို သတ်ဖြတ်ခဲ့သော တပ်များဖြစ် ကြောင်း၊ ယနေ့တွင်မူ ကနီမြို့နယ်ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်စဉ် တိုက်ပွဲ များ ဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရသည်။

“နှစ်ဖက်တိုက်ပွဲက ဒီမနက် ၇နာရီကျော်လောက်က စတယ်။ စခတွေဘက်က အထိ အခိုက်များမယ် ။ သူတို့အကျအဆုံးများလို့ အခု‌လို ရဟတ်ယာဉ်နဲ့ လာ ပစ် တာ။ ရဟတ်ယာဉ်နဲ့လာပစ်တာက နံနက် ၁၁ နာရီလောက်မှာ လာပစ် တယ်။ စစ်ခွေးတွေအတော် အထိနာတယ်။ စစ်ခွေးတွေ သေတာ ဘယ်လောက် မှန်းမသိပေမယ့် ကျနော်တို့ ပြည်သူ့ ရဲဘော် ၄ ဦးတော့ ထိထားတယ်။ လိုအပ် တဲ့ ဆေးကုသမှုတွေ ပေးနေပြီ” ဟု ကနီကျောက်လုံးကြီးတပ်ဖွဲ့မှ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်ကောင်စီတပ်များကို ကနီမြို့နယ်မှ တပ်ရင်းများ၊ယင်းမာပင်မြို့နယ်မှ တပ် ရင်း များ၊မဟာမိတ်တပ်ဖွဲ့များနှင့် ဒေသခံ PDFများ ပူးပေါင်းတိုက်ခိုက် နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

လက်ရှိ သတင်းရေးသားသည့်အချိန်အထိ စစ်ပွဲအခြေအနေ ပြီးဆုံးခြင်းမရှိဘဲ နှစ်ဖက် စစ်ရေးအခြေအနေ တင်းမာ နေဆဲဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားရာ နေရာ များမှ ပြည်သူများမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည် သူများက ပြောဆိုကြသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ကြည်းနှင့်လေတပ် ပူးတွဲ စစ်ရေးလေ့ကျင်မှုမြင်ကွင်း။ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article