36 C
Yangon

ကနီ၊ ဒီပဲယင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ယနေ့ မီးတင်ရှို့ပြီး ပြည်သူများ ထွက်ပြေးနေရ

Must read

ကနီ၊ ဒီပဲယင်း၊ စစ်ကိုင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ခုကို စစ်တပ်က ယနေ့ မီးတင်ရှို့ပြီး ပြည်သူများ ထွက်ပြေးနေရ

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်၊မုဌေါအရှေ့ရွာကို စစ်ကောင်စီတပ်က ယနေ့ ဒီဇင် ဘာ၂၈ရက်နေ့ နံနက် ၁၀နာရီ ၄၅ မိနစ် အချိန် မီးတင်ရှို့ကြောင်း ဒေသပြည် သူများက ပြောသည်။

“ချင်းတွင်းမြစ်ထဲကနေ မော်တော်တွေနဲ့အတူပါလာတဲ့စစ်ခွေးတွေက မီးရှို့နေ တာ။ မြေပြင်မှာ တိုက်ပွဲဖြစ်သံလည်းမကြားမိသေးဘူး။ သူတို့ရွာကို ရှို့ချင်လို့ကို ရှို့တာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။

စစ်တပ်က မုဌောကျေးရွာအတွင်း ဆက်လက် တပ်စွဲထားသဖြင့် မီးလောင် ဆုံးရှုံး ရသည့် အိမ်အရေအတွက်ကို မသိရသေးကြောင်း၊ ရွာသူ ရွာသား အားလုံး လည်း ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၉ နာရီအချိန် ဒီပဲယင်းမြို့နယ် တွင် လည်း စစ်တပ် အင်အား ၁၈၀ နီးပါး ဖြင့် မင်းတဲကုန်း ကျေးရွာ နှင့် ကံပြား ကျေးရွာများရှိ ပြည်သူပိုင်နေအိမ်များစွာ မီးရှို့ဖျက်ဆီးနေကြောင်း၊ မီးရှို့ နေ သော စစ်ကြောင်းမှာ ကြည်၊ ဘုရားထွက်နှင့် မကျီးဇောက် ကျေး ရွာများ ကို မီးရှို့ဖျက်ဆီးခဲ့သော စစ်ကြောင်းပင်ဖြစ်ကြောင်း၊ မင်းတဲကုန်း ကျေးရွာ အနီး တွင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ရင်း ၁၉ ၊ အဖြူရောင်PDF နှင့် ပကဖ မဟာမိတ်အဖွဲ့အစည်းများနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ စစ်ကိုင်းမြို့နယ် ရွာသစ်ကြီးရွာမှ ထွက်လာသော စစ်တပ်စစ် ကြောင်း သည် ယနေ့ နံနက်၁၁ နာရီ ၄၀ မိနစ် အချိန်မှစ၍ သုံးလင့်ရွာ နှင့် မြင်းဆယ်ရွာများကို မီးရှို့ခဲ့ပြီး ယခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ညအချိန်အထိ မီးလောင်ကျွမ်းနေသော စစ်ကိုင်းမြို့နယ်။ သုံးလင့်ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article