31 C
Yangon

ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ပေချောင်ရွာနှင့်ပုတီးရွာကို စစ်တပ်က ယနေ့ နံနက် မီးတင်ရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဆူးတပ်ကျေးရွာနှင့် တန့်ဆည်မြို့နယ်၊ ပေချောင်ရွာနှင့်ပုတီးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့ဖျက်ဆီးလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဆူးတပ်ကျေးရွာကို ယနေ့ နက် ၁၀နာရီခွဲအချိန်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာပြီး ဝင်ရောက်မီးရှို့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မီးရှို့ ခြင်းဖြစ်ကြောင်း သိရှိရသည်။

“အခုအချိန်အထိ ဆူးတပ်ကျေးရွာကို မီးရှို့နေပါတယ်။ ပြည်သူတွေအားလုံးလည်း ထွက်ပြေး တိမ်းရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်နေပါတယ်။ အခြေအနေ အတော်ကိုဆိုးပါတယ်။ ပြည်သူတွေအားလုံး အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အသက်ဘေးလွတ်အောင် ပြေးနေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် ပုတီးရွာ ကိုလည်း စစ်တပ်က မီးတင်ရှို့နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ရမ်းထုပြီး ရွာထဲကိုဝင်တယ်။ သူတို့လာတော့ရွာသားတွေ အကုန်ထွက်ပြေးရတယ်။ အခုရွာကိုမီးရှို့နေပြီ။ ရွာထဲကနေ မီးခိုးတွေအလုံးလိုက်တက်လာတယ်။ တစ်ရွာလုံးပြာကျမယ့်ကိန်းပါပဲ” ဟု ဒေသ ပြည်သူတစ်ဦးက ပြောသည်။

တန့်ဆည်မြို့နယ်၊ ပုတီးရွာကို မီးရှို့နေသည့် စစ်တပ်သည် တပ်မ ၃၃ လက်အောက်ခံ ခမရ၃၆၁ နှင့် ခမရ၃၆၉ စစ်ကြောင်းဖြစ်ပြီး ဒီဇင်ဘာလ၁၁ရက်နေ့တွင်လည်း ပေချောင်ရွာကို မီးရှို့ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများကိုလည်း ယနေ့ နံနက်ပိုင်းတွင် စစ်တပ်က မီးတင်ရှို့နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article