30 C
Yangon

ကန့်ဘလူ၊ ဝက်သအင်းရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးရှို့ဖျက်ဆီး၊ ပုဏ္ဏားကျွန်းရွာမှ ပြည်သူတစ်ဦးကို လူသားဒိုင်းလမ်းပြအဖြစ်ခေါ်ဆောင်သွား

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းရွာကို ဒီဇင်ဘာ ၉ ရက်နေ့ နံ နက် ၇ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ ခမရ -၃၆၉ နှင့် စစ်ယူနီ ဖောင်း ဝတ် ပျူစောထီးများ ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူ များက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

“အိမ်‌ခြေဘယ်လောက်ပါသွားလဲ မသိရသေးပါဘူး။ တိုက်ပွဲမရှိပါဘူးဗျ။ ကျွန်း လှနဲ့ ကန့်ဘလူ တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးနေတာပါ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ််သို့ ပြောဆိုသည် ။

ဝက်သအင်းရွာကို မီးရှို့ဖျက်ဆီးသွားသည့် အကြမ်းဖက်စစ်ကောင်စီဝင်များ သည် ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်အချိန်တွင် ဝက်သအင်းကျေးရွာ၏ ‌အရှေ့ မြောက် အောက်တဲရွာဘက်သို့ ထွက်ခွာသွားကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်တပ်က စစ်ကြောင်းများခွဲကာ ယနေ့ ဒီဇင်ဘာ ၉ ရက်နေ့တွင် ကျွန်းလှ နှင့် ကန့်ဘလူမြို့နယ်အတွင်း တစ်ပြိုင်နက်တည်း စစ်ကြောင်းထိုးနေခြင်း ဖြစ််ပြီး ကျေးရွာများကိုလည်း မီးရှို့ လုယက် ဖျက်ဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။

အလားတူ ဒီဇင်ဘာ ၈ ရက်နေ့ ဝက်သအင်းနှင့် ပုဏ္ဏားကြီးရွာအကြား စစ် တပ်က စစ်ကြောင်းထိုးခဲ့စဉ် လက်နက်ငယ် များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ပုဏ္ဏားကြီးရွာမှ အမျိုးသားတစ်ဦးကို လူသားဒိုင်း လမ်းပြအဖြစ် ဖမ်းဆီးသွားခဲ့ ကြောင်း၊ လက်ရှိအချိန်အထိ ဖမ်းဆီးခံရသည့် ပြည်သူမှာ ပျောက်ဆုံး နေ ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများ အဖွဲ့မှ ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ကျွန်းလှမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် အင်အား ၁၈၀ ခန့် ရှိသော
စစ်ကောင်စီ လက်အောက်ခံ ခမရ -၃၆၁ စစ်ကြောင်းသည် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၇နာရီခွဲတွင် သဖန်းဆိပ်ဆည် ဆင်စွယ်စခန်းမှ မြောက်ဘက် သဖန်း ဆိပ် ဆည်ဘောင်သို့ ဦးတည်ထွက်ခွာသွားကြောင်း ဒေသခံများထံမှ သိရှိရ သည်။

ဓာတ်ပုံ- မကွေးတိုင်း၊ပေါက်မြို့နယ်တွင် ယမန်နေ့ စစ်တပ်က မီးတင်ရှို့မှု ကြောင့် ကျေးရွာတစ်ခု မီးလောင်နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article