31 C
Yangon

ကရင်နီပြည်နယ်၊ ဖရူဆိုတွင် အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို စစ်တပ်က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှု ၁ နှစ်ပြည့်ခဲ့ပြီ

Must read

ကရင်နီပြည်နယ်၊ ဖရူဆိုတွင် အပြစ်မဲ့ပြည်သူ ၄၀ ကျော်ကို စစ်တပ်က အစုလိုက် အပြုံလိုက် မီးရှို့သတ်ဖြတ်မှု ၁ နှစ်ပြည့်ခဲ့ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၅

ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် ယမန်နှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ စစ်ကောင်စီတပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၄၀ ကျော်ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့မှုမှာ ၁ နှစ်ပြည့်ခဲ့ပြီ ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ မိုဆို ကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၄၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ မီးတင်ရှို့ခဲ့သည်။

အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊ သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်း များမှာ မီးလောင်ကျွမ်းခဲ့ပြီး အရိုးစုများသာ ကျန်ရစ်ခဲ့သည်။

ပြည်သူ ၄၀ ဦးကျော်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သော စစ်ကောင်စီ တပ်မှာ တပ်မ ၆၆ ဖြစ်ပြီး ယခုအချိန်အထိ ပြစ်မှု ကျူးလွန်သူ စစ်ရာဇဝတ်သား စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အရေးယူနိုင်ခြင်းမရှိသေးပေ။

ဓာတ်ပုံ- ပြည်သူအစုလိုက်အပြုံလိုက် သတ်ဖြတ်မီးရှို့ခံရသော နေရာတွင် အမှတ် တရ အောက်မေ့ဖွယ် အထိမ်းအမှတ် ဆီမီးများ ထွန်းညှိထားပြီး လွမ်းသူ့ပန်းများ ချထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article