36 C
Yangon

ကလေးတွင် စစ်ကောင်စီတပ်သားများက PDF တပ်ဖွဲ့ကို မြင်ပြီး လက်နက်များစွန့်ပစ်ကာ ထွက်ပြေး

Must read

ကလေးတွင် စစ်ကောင်စီတပ်သားများက PDF တပ်ဖွဲ့ကို မြင်ပြီး လက်နက်များစွန့်ပစ်ကာ ထွက်ပြေး

ရန်ကုန်၊ ဒီဇင်ဘာ ၂၄

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တာဟန်းမီးပွိုင့်ဂိတ်ရှိကြမ်းဖက်စစ်သားများကို တိုက်ခိုက်ရန်သွား သော်လည်း လက်နက်များစွန့်ပစ်ကာထွက်ပြေးသဖြင့် လက်နက်များသိမ်းဆည်းကာ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း CDF-KKG ထံမှသိရသည်။

ယနေ့ ဒီဇင်ဘာလ ၂၄ ရက် နံနက် ၁၀ နာရီခန့်က အဆိုပါဂိတ်အား ဝင်ရောက်စီးနင်းတိုက်ခိုက်ရန် ချဉ်းကပ်စဉ် မူးယစ်သောက်စားနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မြင်တွေ့သွားပြီးနောက် ကြောက်လန့်ကာထွက်ပြေးသဖြင့် MA -2 စက်ကလေး တစ် လက်၊ ကျည်ဘောက်တစ်ခုနှင့်အတူ ၅ ဒသမ ၅၆ ကျည် အတောင့် ၆၀ တို့အား သမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့သိမ်းယူပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သား ၃၀ ခန့်သည် တပ်စွဲထားရာ အဆောက်အအုံအတွင်းမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး အချို့မှာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ထိခိုက်ဒဏ်ရာရ သေဆုံးသူ များအတွက် စိတ်မကောင်းဖြစ်ရကြောင်း CDF –KKG က ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article