36 C
Yangon

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်သယ်ဆောင်ခြင်း ရှိ၊မရှိ PDF စစ်ဆေး

Must read

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်တပ်ထုတ်ကုန်သယ်ဆောင်ခြင်း ရှိ၊မရှိ PDF စစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၃၀

စစ်ကိုင်းတိုင်း၊ ကလေးမြို့နှင့် မကွေးတိုင်း၊ ဂန့်ဂေါမြို့လမ်းပိုင်းတွင် ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စ၍ အကြမ်းဖက်စစ်ကောင်စီတပ်ထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ၊ မရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ဆေးခဲ့ကြောင်း မင်းဘူး-စကု မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် ကို အသုံးပြုသွားလာလျက်ရှိသော ကားသမားများအနေဖြင့် အကြမ်းဖက်စစ် ကောင်စီထုတ်ကုန်များနှင့် စစ်ကောင်စီနှင့်ပတ်သက် ဆက်နွှယ်သည့် မည်သည့် ပစ္စည်းမျိုးကို မဆို တင်ဆောင် ခြင်းမပြုကြရန် မေတ္တာရပ်ခံကြောင်း MS PDF က ထုတ်ပြန်ထားသည်။

အဆိုပါစစ်ဆေးမှုကို မင်းဘူး၊စကုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(M-S PDF)နှင့် ဂန့်ဂေါမြို့နယ်အခြေစိုက် လင်းယုန် ကာကွယ်ရေးတပ်ဖွဲ့ (LDF)တို့ပူးပေါင်းကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article