30 C
Yangon

ကိုးကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မြောင် တွင် စစ်ကြောင်းကို တိုက်ခိုက်ရာမှ စစ်သား ၁ ဦးသေဆုံး

Must read

ကိုးကန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ၊ မြောင် တွင် စစ်ကြောင်းကို တိုက်ခိုက်ရာမှ စစ်သား ၁ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ်၊ ကိုးကန့်ဒေသ ၊ နမ့်ဖာတောင်အနီးတွင် မြန်မာ အမျိုးသား ဒီမိုက ရက် တစ် မဟာမိတ် တပ်မတော် (MNDAA)က နယ်မြေရှင်းလင်း ရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ သိမ်းဆည်းရ မိ ကြောင်း The Kokang က သတင်းထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၂ ရက်နေ့ တွင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ် မတော် (MNDAA) က တိုက်ပွဲများ ဖြစ် ပွားခဲ့သော နန့်ဖာတောင် အနီး တွင် နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရာ စစ်ကောင်စီတပ်၏ သေနတ် ၁လက်၊ ကျည်များ ၊ RPG များ၊ ကျည်များ၊ အီနီဂါများ ၊ အမြောက်ကျည်ဆန်များ အပါ အဝင် လက်နက်ခဲယမ်းများ၊ စကားပြောစက်များ သိမ်းဆည်းရမိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း ပစ္စည်းများ သိမ်းဆည်းမိသော နေရာ သည် နိုဝင်ဘာ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွား သည့်နေရာဖြစ်ပြီး MNDAA ၏ တိုက်ခိုက်မှုကြောင့် စစ်တပ်က အထိ နာသဖြင့် သေဆုံးမှုများစွာဖြင့် ထွက်ပြေးသွား သည့်နေရာဖြစ်ကြောင်း သိရှိရ သည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်စခန်းမှ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်သား များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား တစ်ဦး သေဆုံးကြောင်း မြောင်ဗိုလ်တောက်ထွန်းအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန် ကျောက်ရစ်စခန်းမှ စစ်ကြောင်း က ကျောက် ရစ်အနောက်ရွာမှ သရက်သာကျေးရွာဘက်သို့ ရေထဲဖြတ်ဆင်း ကာ ချီတက်လာစဉ် PDF တပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း၊ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်သား တစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကို မြောင် ဗိုလ်တောက်ထွန်း အထူးတပ်ဖွဲ့ (MBTT) ၊ Blood Brothers ၊ Hero ပြောက် ကျားတပ်ဖွဲ့၊ နတ်စစ်သည်တော်များ ဖောက်ခွဲရေး Local တပ်ပေါင်းစုတို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- ကိုးကန့်တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ သိမ်းဆည်းရမိသည့် စစ်ကောင် စီ တပ်၏ လက်နက်ခဲယမ်းများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article