31 C
Yangon

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ် ခလရ ၉၇ ယာယီတပ်ရင်း မှူး သေဆုံးပြီး အာရှ လမ်းမကြီး ဆက်လက် ပိတ်နေ၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

Must read

ကော့ကရိတ်တိုက်ပွဲတွင် စစ်တပ် ခလရ ၉၇ ယာယီတပ်ရင်း မှူး သေဆုံးပြီး အာရှ လမ်းမကြီး ဆက်လက် ပိတ်နေ၊ KNU တပ်မဟာ ၅ နယ်မြေတွင် တိုက်ပွဲ ဖြစ်ပြီး စစ်သား ၃ ဦးသေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၂၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် တိုက်ပွဲများ ဆက်လက် ပြင်းထန် နေပြီး ကော့ကရိတ်အခြေစိုက် ခလရ ၉၇ မှ ယာယီတပ်ရင်းမှူး ယမန်နေ့ တိုက်ပွဲ တွင် သေဆုံးသွားကြောင်း ကော့ကရိတ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။

“ကော့ကရိတ်တိုက်ပွဲမှာ ခလရ ၉၇တပ်ရင်းရဲ့ ယာယီတပ်ရင်းမှူး မုန့်ဟင်းခါး ဖြစ်ပါတယ်။ PDF ၃ ဦးဒဏ်ရာရတယ်။မနေ့က ကော့ကရိတ် ကော့နွဲ မှာ ထိ တွေ့ မှု တွေ တောက်လျှောက် ဖြစ်ခဲ့တယ်။ စစ်ခွေးတွေက လက်နက်ကြီး ဆက် တိုက် ထုနေခဲ့တာ။ မနေ့ မနက် ကတည်းက လက်နက်ကြီးနဲ့ ထုလိုက် နားလိုက်ပဲ။ မနေ့ညက ကျိုက်သလဲ့ကျေးရွာ ဘက်က ချောင်းထဲကို လေယာဉ် နဲ့ လာပစ်တယ်။ စစ်တပ်က ညပိုင်းလေယာဉ်တွေနဲ့ ပစ်တာတွေရှိနေတယ်။ လက်နက်ကြီးတွေက တချိန်လုံးထုနေတာ။ တိုက်ပွဲကတော့ ဖြစ်လိုက် နား လိုက်ပဲ။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ထု၊ ကင်းထောက် လေ ယာဉ် တွေ ဝဲတယ်” ဟု PDF ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေး ရွာ များသို့ ဆက်တိုက် ပစ်ခတ်နေသဖြင့် ပြည်သူများ သေဆုံးမှု နှင့် ထိခိုက် ဒဏ်ရာရရှိမှု များရှိကြောင်း၊ သို့ရာတွင် နယ်မြေအခြေအနေမှာ မတည် ငြိမ် သည့်အတွက် သတင်းအတိအကျနှင့် အသေးစိတ်ကို သိရှိရန် ခက်ခဲနေ ကြောင်း၊ အင်တာနက်လိုင်းများ ကော့ကရိတ် ဘက်တွင် ပြတ်တောက် နေ ကြောင်း သိရှိရသည်။

လက်ရှိ မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးမှာမူ ဆက်လက် ပိတ်ဆို့ နေဆဲ ဖြစ်ပြီး ခရီးသည်တင်ယာဉ် များစွာ ပိတ်မိနေကြောင်း၊လတ်တလော လမ်းပြန် လည် ဖွင့်လှစ်ခြင်းမရှိသေးဘဲ ကားများရပ်တန့်၍ လမ်းဖွင့်မည့်အချိန်ကို စောင့် ဆိုင်းနေရကြောင်း သိရှိရသည်။

ယခုနောက်ဆုံး ဝင်ရောက်လာ သော သတင်းများအရ စစ်တပ်က ကော့ကရိတ် ဘက်သို့ စစ်အင်အားများ ထပ်မံ တိုးချဲ့နေပြီး မြေပြင်တွင်လည်း စစ်ကားများ ဖြင့် အင်အားချထားပေးသကဲ့သို့ ထောက်ပို့ရဟတ်ယာဉ်များဖြင့်လည်း စစ် လက်နက်များ ပေးပို့များရှိနေကြောင်း သိရှိရသည်။

အလားတူ ကရင်ပြည်နယ်၊ KNU တပ်မဟာ ၅ နယ်မြေတွင် ဒီဇင်ဘာလ ၂၁ ရက် နေ့ တစ်ရက်တည်း တိုက်ပွဲ ၄ ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေ ဆုံးကာ ၁ ဦးဒဏ်ရာရရှိခဲ့ ကြောင်း မူတြော်သတင်းစဉ်က သတင်း ထုတ်ပြန် သည်။

ဒီဇင်ဘာလ ၂၁ ရက် နံနက် ၉ နာရီခွဲခန့်က လူသောမြို့နယ်အတွင်းရှိ စစ် ကောင် စီ ၏ ထော်မူလယ်မဲစခန်းကို KNLA တပ်မဟာ ၅ လက်အောက်ခံ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ရာ အ ကြမ်းဖက်စစ်သား ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဒီဇင်ဘာလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၈ မိနစ်တွင် ဒွယ်လိုးမြို့နယ် အတွင်းရှိ ထီးခေလော်နှင့် မြေနီကုန်းကြား၌ လူနာပြန်လည် ပို့ဆောင်သော စစ် ကောင်စီတပ်သားများကို KNLA တပ်ဖွဲ့ဝင်များက ခြုံခို တိုက်ခိုက်ခဲ့ရာ စစ်သား ထိခိုက်ဒဏ်ရာရရှိမှု မသိရသေးကြောင်း၊ KNLA ဘက်မှ အထိအခိုက် မရှိကြောင်း မူတြော်သတင်းစဉ် ထုတ်ပြန်ချက်အရ သိရသည်။

ဒီဇင်ဘာ ၂၁ ရက် နံနက် ၁ နာရီခန့်တွင် ဒွယ်လိုးမြို့နယ်၊ မြေနီကုန်းနှင့် ကူး ဆိပ် ကြား၌ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တစ်ကြိမ်၊ ဘူးသိုမြို့ နယ်အတွင်းရှိ ကောကော့ ထာ့တွင်လည်း ညနေ ၃ နာရီ ၇ မိနစ်က တစ်ကြိမ် အကြမ်း ဖက်စစ်ကောင်စီတပ်သားများကို ချုံခိုတိုက်ခိုက်ခဲ့ကြောင်း ယင်းတိုက် ခိုက် မှုနှစ်ကြိမ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက် ဒဏ်ရာ ရရှိမှုကို စုံစမ်းနေဆဲ ဖြစ်ပြီး KNLA ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရ သည်။

ဓာတ်ပုံ- မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီးတွင် ပိတ်ဆို့နေသည့်ကားများ။

Photo- CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article