36 C
Yangon

ကော့ကရိတ်၊ မိဂသိမ်ကုန်းအနီးတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ကော့ကရိတ်-မြ၀တီလမ်းပိတ်ဆို့နေမှု ၁၀ ရက် ကျော်ပြီ

Must read

ကော့ကရိတ်၊ မိဂသိမ်ကုန်းအနီးတွင် တိုက်ပွဲ ပြင်းထန်ပြီး စစ်တပ်က တိုက်ခိုက် ရေးရဟတ်ယာဉ်ဖြင့် ပစ်ခတ်၊ ကော့ကရိတ်-မြ၀တီလမ်းပိတ်ဆို့နေမှု ၁၀ ရက် ကျော်ပြီ

ရန်ကုန်၊ ဒီဇင်ဘာ ၂၇

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ မိဂသိမ်ကုန်းအနိးတွင် ယနေ့ နံနက်ပိုင်း တိုက်ပွဲဖြစ်ပြီး စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့်လာရောက်ပစ်ခတ် ကြောင်း PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် ကော့ကရိတ် မြို့ နယ်၊ မိဂသိမ်ကုန်းအနီးသို့ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီးဖြင့် လာရောက်ပစ်ခတ်ကြောင်း၊ ဒီဇင်ဘာလ ၁၆ ရက်နေ့ကတည်းက ကော့ကရိတ် မြို့ နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို KNLA ၊ ကောက်သူလေး တပ်မတော်၊ PDF ပူးပေါင်း မဟာမိတ်စစ်ကြောင်းများက စတင်တိုက်ခိုက်ခဲ့ပြီး တောက်လျှောက်ဆိုသလို တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ယနေ့ အထိ တိုက်ပွဲများဖြစ်ပွားနေကာ စစ်တပ်က သံချပ်ကာကားများ၊ ခြေလျင်စစ်ကြောင်း များ၊ ရဟတ်ယာဉ်နှင့်တိုက်လေယာဉ်များ၊ လက်နက်ကြီးများဖြင့် အသုံးပြု ပစ် ခတ် ၍ ထိုးစစ် ဆင်လာနေကြောင်း သိရှိရသည်။

“ခွေးတွေက မနေ့ည​က စစ်အင်အားတိုးလာတယ်။ ဒီမနက် မိဂသိမ်ကုန်းနားမှာ တိုက်ပွဲဖြစ်တော့ အခုပဲ Mi 35 နဲ့ လာပစ်ပြီး ပြန်သွားတယ်။ တိုက်ပွဲဖြစ်နေလို့ အထိနာလို့ လာပစ်တာ။ ပထမ လက်နက်ကြီးနဲ့ ထုတယ်။ ခဏနေတော့ ရဟတ်ယာဉ်နဲ့ လာပစ်တာပဲ။ ကြည့်ရတာ ကော့နွဲ့ရွာနားက ၉၇ ယာယီ တပ် ရင်း မှူး အလောင်း အခုထိ ကောက်မရသေးလို့နေမယ်။ နောက်ပြီး ရွာတရွာကို မီးရှို့သွားတယ် ကြားတယ်။ အတိအကျ မသိရသေးဘူး” ဟု PDF သတင်းရင်း မြစ်က ပြောသည်။

မြ၀တီ-ကော့ကရိတ် အာရှလမ်းမကြီး ပိတ်နေ့သည်မှာ ၁၁ ရက် ရှိလာပြီဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် မြေနီမြေသားလမ်းဖြစ်သော ထော့ ကော် ကိုး လမ်းမကို အသုံးပြု၍ သွားလာနေကြရသည်ဟု သိရှိရသည်။

“ထော့ကော်ကိုးက မြေသားလမ်း၊ အဲဒီဘက်က လုံခြုံပါတယ်။ တိုက်ပွဲမရှိဘူး။ ဒါပေမယ့် လမ်းတအားကြမ်းတယ်။ အချိန်ပိုကြာတယ်။ လမ်းကြောင်း ရှည် တယ်။ အာရှလမ်း ပိတ်ထားလို့ ကားရပ်စောင့်မတော့ဘူး။ တစ်ခါတည်း ထော့ ကော် ကိုးဘက်က ဆင်းကြတာများတယ်။ ” ဟု ကုန်စည်ပို့ဆောင်ရေး ကားပိုင်ရှင်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မူ နယ်ခြားစောင့် BGF နှင့်ပူးပေါင်း၍ ကော့က ရိတ် မြို့နယ်ကို နယ်မြေစိုးမိုးပြန်ရ ရန် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများ တိုးချဲ့ လာနေသော်လည်း KNLA ၊ ကော်သူလေးတပ်မတော်၊ PDF တပ်ပေါင်းစုများကို ကျော်လွှားနိုင်ခြင်းမရှိကြောင်း၊ လာမည့် ရက်ပိုင်း အတွင်း ပိုမို တိုက်ပွဲများ ပြင်းထန်လာမည်ဖြစ်ကြောင်း ကရင်သတင်းရင်းမြစ် တချို့ က ပြောဆိုသည်။

“ကော့ကရိတ်မြို့နယ်ဘက်ကို သူတို့ စိုးမိုးထားမှ မြ၀တီဘက်ကို ထိန်းနိုင်ဖို့ စစ်တပ်ဘက်က ပြင်ဆင်နေတာမြင်ရတယ်။ ကော့ကရိတ်ကိုတော့ စစ်တပ်က ခြေလျင်၊ လေကြောင်း၊ သံချပ်ကာကားတွေပါ အင်အား ထပ်တိုးလာနေတယ်။ အင်အားတိုးချဲ့နေတယ်”ဟု ကရင်သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- KNLA ပူးပေါင်းမဟာမိတ်တပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article